နောက်ဆက်တွဲတွေများသော သွေးချိုဆီးချိုရောဂါ

သွေးထဲမှာ အင်ဆူလင် မရှိရင်၊ ချို့တဲ့ရင်၊ အင်ဆူလင်ကို မတုန့်ပြန်ရင် အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် (ဂလူးကို့စ်)တွေ များနေအိုင်နေပြီး သွေးချိုဆီးချိုဖြစ်လာပါတယ်။


ကလေးတွေမှာ ဖြစ်သော သွေးချိုဆီးချိုရောဂါ

ကလေးတွေမှာဖြစ်တဲ့ သွေးချိုဆီးချိုရောဂါကတော့ အင်ဆူလင်လိုအပ်လို့ ဖြစ်သော အမျိုးအစား ၁ ဖြစ်ပါတယ်။ ပန်ကရိယက အင်ဆူလင် လုံးဝ သို့မဟုတ် အနည်းငယ်သာထုတ်လို့ဖြစ်ပါတယ်။