ကျောက်ကပ်တစ်လုံးတည်းနဲ့ရှင်သန်ရရင် ဘယ်လိုဖြစ်မလဲ

လူအများစုမှာ ကျောက်ကပ်နှစ်လုံး ပိုင်ဆိုင်ပေမဲ့ လူတစ်ချို့မှာတော့ တစ်လုံးတည်း ရှိနေတတ်ပါတယ်။ ကျောက်ကပ်တစ်လုံးတည်းနဲ့ နေနေတဲ့သူတွေအများစုဟာ ကျောက်ကပ်နှစ်လုံးရှိသူတွေလိုပဲ နေနိုင်ကြပါတယ်။ ဂရုတစိုက်စားသောက်၊ သွေးပေါင်ချိန်ကို ထိန်း၊သင့်တင့်တဲ့ လေ့ကျင့်ခ...


ဆီးသွားရတာ ပူစပ်ပူလောင်ဖြစ်နေပြီဆိုရင်

ယောက်ျားလေးတွေမှာဖြစ်စေ၊ မိန်းကလေးတွေမှာဖြစ်စေ ဆီးပူစေတဲ့ အဓိကကျန်းမာရေးပြဿနာကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကြောင့်ပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ E. coli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ ဆီးလမ်းကြောင်းအတွင်း ဝင်သွားခြင်းကြောင့် ဖြစ်တာပါ။


ကျောက်ကပ်ဆေးခြင်း အကြောင်း

ကျောက်ကပ်ရဲ့ လုပ်ငန်းစဥ်ဖြစ်တဲ့ သွေးအတွင်းမှ မလိုလားအပ်တဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့အရည်တွေကို စစ်ထုတ်စွန့်ပစ်ခြင်းကို မလုပ်နိုင်တော့တဲ့အထိ ပျက်စီးယိုယွင်းလာပြီဆိုရင် ကျောက်ကပ်ဆေးခြင်းကုထုံးကို ခံယူဖို့ လိုလာပါတယ်။ ကျောက်ကပ်ဆေးခြင်း အမျိုးအစား (၂) မ...


ဆီးကြိတ်ယောင်ခြင်း

ဆီးကြိတ်ယောင်ယမ်းခြင်းဟာ ဘတ်တီးရီးယားပိုးမွှားတွေ ဝင်ရောက်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးကြိတ်ယောင်ရင် ဆီးသွားတဲ့အခါ နာကျင်မယ်။ ဆီးသွားရ အခက်တွေ့မယ်။ ပေါင်ခြံတစ်ဝိုက်၊ တင်ပါးဆုံနေရာနဲ့ လိင်အင်္ဂါနေရာတွေပါ နာကျင်တတ်ပါတယ်။


ဆီးကြိတ်ဆဲလ်များ ပွားများခြင်း

အမျိုးသားတွေ အသက်​ကြီးတဲ့အခါ ဆီးကြိတ်ရှိဆဲလ်များ လိုတာထက် ပွားများမှုကြောင့် ဆီးကြိတ်ကြီးတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ဆီးကြိတ်ကြီးလာရင် ဆီးလမ်းကြောင်းဆိုင်ရာ ပြသာနာ​များ (ဥပမာ ဆီးအိမ်အတွင်းမှ ဆီးများကို အပြင်မရောက်နိုင်အောင် ပိတ်ဆို့ခြင်း) ရင်ဆိုင်ကြုံတ...


အလုပ်လုပ်ရလွန်းသော ဆီးအိမ်ကြောင့် ဘာတွေဖြစ်လာမလဲ

အကယ်၍ မိမိရဲ့ဆီးအိမ်ဟာ အလုပ်လုပ်လွန်းနေပြီဆိုရင် ဘာတွေဖြစ်လာမလဲ? ဘယ်လို ဆိုးကျိုးတွေ ကြုံဆုံလာရနိုင်မလဲ? Overactive Bladder ဆိုတဲ့ အဲဒီပြဿနာအကြောင်းလေးကို ပြောပြပေးချင်ပါတယ်


အမျိုးသားများ ကြုံလာရမယ့် ဆီးကျိတ်ပြဿနာများ

ဆီးကျိတ်ဆိုတာ အမျိုးသားများမှာ မျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သစ်ကြားသီးအရွယ်ခန့်ရှိပြီး ဆီးအိမ်အောက်ရှိ ဆီးစွန့်ပြွန်ကိုရစ်ပတ်ပြီးရှိနေတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။