ဘာ့ကြောင့် အဝေးမှုန်တာလဲ
မျက်စိမှုန်တာက အမျိုးမျိုးရှိပါတယ်။ တချို့က အနီးမှုန်ပြီး တချို့က အဝေးမှုန်ကာ တချို့ကတော့ အနီးရောအဝေးပါ မှုန်တဲ့သူတွေလည်း ရှိပါတယ်။
အနီးက အရာတ္ထုတွေကို ကြည့်တာ၊ စာအုပ်ဖတ်တာ လုပ်လို့ရပေမယ့် အဝေးက အရာဝတ္ထုတွေကို ရှင်းလင်းစွာမမြင်ရတာကို nearsightness or myopia လို့ခေါ်ပြီး မြန်မာလိုတော့ အဝေးမှုန်တယ်လို့ ပြောကြပါတယ်။
Cause Overview
အဝေးမှုန်တာဟာ အလင်းပြန်ခြင်းချို့ယွင်းမှုကြောင့် ဖြစ်တာပါ။မျက်လုံးအိမ် (eyeball) က ပုံမှန်ထက် ပိုမိုရှည်လျားနေတဲ့အခါ သို့မဟုတ် မျက်ကြည်လွှာက ပုံမှန်ထက် ပိုမိုခုံးနေတဲ့အခါ မျက်စိထဲကို ဝင်လာတဲ့အလင်းကို ကြည်လင်ပြတ်သားအောင် မချိန်ဆနိုင်တော့ပါဘူး။ ပုံမှန်ဆို အလင်းဟာ မြင်လွှာပေါ်တိုက်ရိုက် ကျရောက်တာဖြစ်ပေမယ့် အဝေးမှုန်မှာတော့ အလင်းဟာ မြင်လွှာရဲ့ အရှေ့ဘက်ကို ကျရောက်ပြီး မြင်ရတဲ့ အဝေးကအရာဝတ္ထုတွေဟာ မပြတ်သားဘဲ မှုန်ဝါးဝါး ဖြစ်နေပါတော့တယ်။
Living & Managing
High myopia လို့ခေါ်တဲ့ မျက်လုံးအိမ်ဟာ အရှေ့မှအနောက်သို့ ပုံမှန်ထက် ပိုမိုရှည်လျားနေတဲ့သူတွေမှာ အဝေးမှုန်လေ့ရှိပါတယ်။ ထိုသူတွေဟာ တခြားမျက်စိပြဿနာတွေဖြစ်တဲ့ အတွင်းတိမ်၊ ရေတိမ်နဲ့ မြင်လွှာကွာတာမျိုးတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။
နောက်တစ်ခုက degenerative myonia လို့ခေါ်သလို pathological or malignant myonia လို့လည်းခေါ်တဲ့ အဝေးမှုန်တာပါ။ မျိုးရိုးဗီဇကြောင့် အဖြစ်များပြီး မျက်လုံးအိမ်က ရုတ်တရက်ရှည်လျားလာတတ်ပါတယ်။ ဆက်ကျော်သက်အရွယ်နဲ့ လူကြီးတွေမှာ အဖြစ်များကာ သူကလည်း ရေတိမ်နဲ့ မြင်လွှာကွာခြင်း ဖြစ်နိုင်ခြေများပါတယ်။
Symptom & Types
လက္ခဏာတွေက ဘာလဲ?
- အဝေးကအရာတွေကို သဲသဲကွဲကွဲ မမြင်ရတာ
- ခေါင်းအရမ်းကိုက်တာ
- မျက်စိစွေလာတာ
- မျက်ရည်ပူတွေကျလာတာ
- မျက်စိကတင်းနေကိုက်နေတာ
- မျက်စိက ပင်ပန်းနွမ်းနယ်နေတာတွေ ဖြစ်တတ်ပါတယ်။
မျက်စိဆရာဝန်နဲ့ ပြသစမ်းသပ်တဲ့အခါ အဝေးမှုန်ကြောင်း သေချာသိနိုင်ပါတယ်။
Support & Resources
ကုသမှု
ကုသမှုကတော့ အမျိုးမျိုးရှိပါတယ်။ ကုသမှုတွေက အလင်းကို မြင်လွှာပေါ် တည့်တည့်ကျအောင် လုပ်ပြီး ပုံရိပ်ကြည်လင် ပြတ်သားအောင် ရည်ရွယ်ပါတယ်။
- မျက်မှန်တပ်တာကတော့ လူသိအများဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းပါ။ အဝေးမှုန်ဆိုရင် မျက်စိပါဝါကို အနှုတ်နဲ့ပြလေ့ရှိပါတယ်။ (ဥပမာ… -2.5 ဆိုရင် အဝေးပါဝါ 250 လို့ ပြောလေ့ရှိပါတယ်)
- မျက်ကပ်မှန်တပ်တာကလည်း မျက်မှန်နဲ့ မကွာပါဘူး။ မျက်ကပ်မှန်က မျက်လုံးပေါ် တိုက်ရိုက်တပ်ပြီး မျက်မှန်က မျက်လုံးအပြင်က တပ်တာပဲ ကွာတာပါ။
- ခွဲစိတ်ကုသပြီးတော့ မျက်မှန်၊မျက်ကပ်မှန်မလိုဘဲ အမြင်ကြည်လင်အောင် လုပ်လို့လည်းရပါတယ်။
Photorefractive keratectomy လို့ခေါ်တဲ့ ခွဲစိတ်မှုက လေဆာကိုသုံးပြီး ခုံးနေတဲ့မျက်ကြည်လွှာကို ပြားအောင်လုပ်ကာ အလင်းကို မြင်လွှာပေါ်တည့်တည့်ကျအောင် လုပ်တာပါ။
LASIK ကတော့ အများဆုံးလုပ်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ လေဆာသုံးပြီး မျက်ကြည်လွှာကို ပုံစံမှန်အောင်ပြန်လုပ်ပေးတာပါပဲ။
အဝေးမှုန်တာက ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်မှာ စဖြစ်လေ့ရှိပြီး အသက်ကြီးလာတဲ့အခါ ထပ်တိုးပြီးဆိုးလာတာ၊ ပါဝါတက်လာတာ မရှိတတ်ပေမယ့် လူတိုင်းမှာတော့ မဟုတ်ပါဘူး။ အဝေးမှုန်ရှိနေရင် ကုသလို့ရတဲ့နည်းတွေလည်း ရှိတာမို့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်လို့ရပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်