ဝမ်းသွားသွေးပါ သတိထားစရာ
ဝမ်းထဲမှာ သွေးပါတာ ပုံမှန်လို့ ထင်ပါသလား မိတ်ဆွေ?
သွေး ဆိုတာ ခန္ဓာကိုယ်တွင်းမှာ စက္ကန့်နဲ့အမျှ လှည့်ပတ်စီးဆင်းနေပြီး ထိခိုက်ဒဏ်ရာရတာ၊ ရောဂါကြောင့် (ဥပမာ - အသည်းမကောင်းလို့ သွေးမတိတ်တာ) ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေ ကမောက်ကမ ဖြစ်ရာကနေ သွေးထွက်တာက လွဲရင် ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်လေ့မရှိပါဘူး။ ဒါကြောင့် ဝမ်းထဲ သွေးပါလာတာဟာ သေးသေးလေးပဲပါပါ၊ ကြီးကြီးပဲပါပါ ပုံမှန်မဟုတ်ပါ။
ဝမ်းထဲသွေးပါစေတဲ့ အကြောင်းရင်းတွေက ဘာတွေများလဲ?
1. အူတွေ ရောင်ရမ်းတဲ့ရောဂါ ( Inflammatory Bowel Disease )
IBD မှာ Ulcerative colitis and Crohn's disease ဆိုတဲ့ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ Ulcerative colitis က အဓိကအားဖြင့် အူမကြီးနဲ့ ဝမ်းအိမ်ကို တိုက်ခိုက်ပြီးတော့ ဝမ်းထဲမှာ သွေးအပြင် ပြည်ပါ ပါတတ်ပါတယ်။ ဗိုက်အောင့်ပြီး အိမ်သာ ခဏခဏ သွားချင်တာ၊ အစာစားချင်စိတ်မရှိဘဲ ပျို့တက်နေတာ ၊ ဖျားတာ စတဲ့ အရာတွေပါ အတူတွဲ ခံစားရတတ်ပါတယ်။
Crohn's disease ကတော့ ပါးစပ်မှသည် စအိုအဆုံး အစာခြေလမ်းကြောင်း တစ်လျှောက်ကို ထိခိုက်စေပါတယ်။ အူသိမ်ပိုင်းကို အဓိက တိုက်ခိုက်ရင်တော့ ဝမ်းလျှောတာနဲ့ အလာများပါတယ်။ အဲ့ဒါတွေ အပြင် နောက်ထပ် ယှဥ်တွဲ ခံစားရတာတွေကတော့ ဖျားမယ်၊ ပါးစပ်မှာ အနာတွေပေါက်မယ်၊ ကိုယ်အလေးချိန်တွေ ကျမယ်၊ ဗိုက်တွေ အရမ်းအောင့်မယ် စတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
2. Ischemic colitis
ဒီရောဂါကတော့ ခန္ဓာကိုယ်မှာ ကိုလက်စရောတွေ၊ သွေးခဲတွေ များလာပြီး အူတွေကို သွေးရောက်တာ နည်းသွားတာ၊ ရပ်သွားတာကနေ အူတွေ အောက်စီဂျင် ပြတ်လပ်ပြီးတော့ ပျက်စီးတာကြောင့် ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဝမ်းထဲသွေးပါတာအပြင် ဆိုးဆိုးရွားရွား ပြင်းထန်ပြီးတော့ အစာစားပြီးတာနဲ့ ပိုပိုဆိုးလာတဲ့ ဗိုက်အောင့်တာပါ ခံစားရနိုင်ပါတယ်။ တခြား ခံစားရမှာတွေကတော့ ဖျားမယ်၊ ပျို့မယ်၊ အန်မယ်၊ အိမ်သာ ခဏခဏ သွားချင်မယ်၊ ရင်ပြည့် နေမယ် စတာတွေပဲ ဖြစ်ပါတယ်။
3. ဘက်တီးရီးယားပိုး ဝင်ခြင်း
အူတွေ ရောင်ရမ်းတဲ့ရောဂါ မှာ ဝမ်းထဲသွေးပါတာဟာ ကုသမှုမခံယူရသေးသရွေ့ ဆက်လက်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားပိုး ဝင်တာ ဆိုရင်တော့ ဝမ်းထဲသွေးပါတာက နှစ်ပတ်မကျော်တတ်ပါဘူး။ ကုသပြီးရင်လဲ တူညီတဲ့ပိုး ထပ်မဝင်မချင်း ရောဂါ ထပ်မဖြစ်တော့ပါဘူး။
ဝမ်းထဲသွေးပါစေတဲ့ ဘက်တီးရီးယားတွေကတော့....
- E.coli - မသန့်ရှင်းတဲ့ အစားအစာ၊ ရေ တွေကို စားသုံးရာကနေ တစ်ဆင့် ကူးစက်ပါတယ်။ အစာစားခါနီးတိုင်း၊ အညစ်အကြေးတွေ ကိုင်ပြီးတိုင်း လက်သေချာ မဆေးခြင်းကလဲ ကူးစက်မှုကို ဖြစ်စေပါတယ်။
- Salmonella - အနံ့အရသာကောင်းသေးတဲ့ အစားအသောက်တွေမှာလဲ ရှိတတ်ပြီးတော့ အစာအဆိပ်သင့်ရာကနေ ကူးစက်နိုင်ပါတယ်။
- Shigella - E.coli နဲ့ ကူးစက်ပုံ တူပြီးတော့ ကိုဗစ်လိုမျိုး ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေ သွားမိရာကနေတစ်ဆင့်လဲ ကူးစက်ပါတယ်။
- Campylobacter - အမေရိကန်နိုင်ငံက သန်းနဲ့ချီတဲ့လူတွေဟာ နှစ်စဥ် ကူးစက်ခံနေရပြီးတော့ ရောဂါဖြစ်ပွားနေတဲ့ နေရာ သွားမိရာကနေလဲ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့သူ အတော်များများကတော့ အကျက်အောင် ချက်ပြုတ်မထားတဲ့ အသားတွေ၊ အသားစိမ်းတွေ စားမိရာကနေတစ်ဆင့် ဖြစ်ပွားတာကို တွေ့ရပါတယ်။
ဘက်တီးရီးယားပိုး ကူးစက်ခြင်းမခံရအောင် ဘယ်လို ကာကွယ်ကြမလဲ?
- လူတွေ၊တိရစ္ဆာန်၊ အရာဝတ္ထုပစ္စည်း၊ အညစ်အကြေးတွေနဲ့ ထိကိုင်ပြီး
- တိုင်း လက်သေချာဆေးပါ။
- အသားတွေ သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားပါ။
- အသားအစိမ်းတွေနဲ့ ထိတဲ့နေရာ၊ ထည့်ထားတဲ့ခွက်တွေကို သေချာဆေးကြော သန့်စင်ပါ။ ပန်းကန်ခွက်ယောက်တွေကို သီးသန့်ခွဲသုံးပါ။
- ရေကို မကျိုချက်ဘဲဖြစ်ဖြစ်၊ ရေသန့် မသေချာရင်ဖြစ်ဖြစ်
- မသောက်သုံးသင့်ပါ။
တစ်ခြားသော အကြောင်းရင်းများ
တွေ့ရနည်းပေမယ့် ဝမ်းထဲသွေးပါစေတဲ့ အကြောင်းတွေကတော့ တစ်ချို့သော အူမကြီး ကင်ဆာနဲ့ အူလမ်းကြောင်း အသားပိုတွေ ဖြစ်ပါတယ်။ အစာအိမ်ကင်ဆာကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသရာကနေ ဝမ်းလျှောပြီးတော့ အစာအိမ်ကင်ဆာရောဂါကြောင့်ပဲ သွေးပါလာတာမျိုးလဲ တွေ့ရတတ်ပါသေးတယ်။
မိတ်ဆွေတို့ကော ဝမ်းထဲသွေးပါဖူးကြပါသလား? ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ - ယဉ်ရွှေရည်
Kyaw Kyaw 17 Mar 2023 |
Hello