ဂေါ်ရခါးသီး စားပါ။ ကျန်းမာစေတယ်။
ပြုတ်ပဲတို့တို့၊ ချဉ်ရည်ပဲ ချက်ချက်၊ ကြော်ပဲစားစား ချိုချိုလေးနဲ့ အရသာရှိတဲ့ ဂေါ်ရခါးသီးကို နှစ်နှစ်ခြိုက်ခြိုက် စားဖြစ်လား? ဒါဆိုရင်တော့ စာဖတ်ပရိသတ်ကြီးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိမှာ သေချာနေပါပြီ။
ဂေါ်ရခါးသီး ဆိုရာဝယ်
ဂေါ်ရခါးသီးလို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို အခွံ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ထိပ်ပိုင်းဝဝ အညှာနားမှာ ရှည်မျောမျောလေး ဖြစ်သွားတဲ့ အသီးလေးကို ပြေးမြင်ကြမယ် ထင်ပါတယ်။ အထဲမှာ အစေ့တစ်စေ့ပဲ ပါပါတယ်။ ရေဓာတ် ကြွယ်ဝပြီး အရသာက ချိုပါတယ်။
ဂေါ်ရခါးသီးမှာ ဘာတွေပါလဲ
ချိုချိုလေးနဲ့ အရသာရှိတဲ့ ဂေါ်ရခါးသီးမှာ
- ဗီတာမင် B
- ဗီတာမင် C
- ဖောလိတ်
- ဗီတာမင်
- နီကာဆင်
- သီရာမင်း
- ရေဓာတ်
- အမျှင်ဓာတ်
- ကယ်လ်ဆီယမ်
- ပိုတက်ဆီယမ်
- ပရိုတင်း
- ဗီတာမင် D တို့ပါဝင်နေပါတယ်။
ဂေါ်ရခါးသီး စားပါ။ ကျန်းမာစေတယ်။
ဂေါ်ရခါးသီး စားပါ။ ကျန်းမာစေတယ်။ လို့ ပြောရတာက ဂေါ်ရခါးသီး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လို့ပါ။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
ဂေါ်ရခါးသီးမှာ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတိုး ကာကွယ်ပေးတယ်
ပိုတက်ဆီယမ် နဲ့ alkaloids ပါဝငနေတာကြောင့် ကိုယ်တွင်းက ပိုနေတဲ့ ဆားဓာတ်နဲ့ ရေဓာ်တွေ ဖယ်ရှားပေးတာကို ထောက်ကူပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးအောင် ကာကွယ်ပေးပါတယ်။
နှလုံးသွေးကြောတွေ ကျန်းမာစေတယ်
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို မာတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး သွေးစီးဆင်းမှု ကောင်းအောင် ထောက်ကူပေးပါတယ်။ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတွင်းကိုလက်စထရော လျော့ကျစေဖို့လည်း ထောက်ကူပေးပါတယ်။
ကျောက်ကပ်ကျောက်တည်တာကို သက်သာစေတယ်
ဂေါ်ရခါးသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် ဆီးရွှင်စေနိုင်ပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဂေါ်ရခါးသီးမှာ ဗီတာမင်C ကြွယ်ဝတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝက်ခြံနဲ့အမာရွတ်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဂေါ်ရခါးသီးလေးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။
ရေးသားသူ - မွန်မွန်