အအေးမိ ဖျားနာတာကို သက်သာစေတဲ့ ကြက်သွန်ဖြူရဲ့ ကျန်းမာရေး အာနိသင်
အတို့အမြှုပ်အဖြစ် စားကြသလို ဟင်းခါးနဲ့ ဟင်းတွေချက်ရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိတဲ့ ကြက်သွန်ဖြူက အအေးမိတာကု သက်သာစေနိုင်သလို သွေးသန့်စေနိုင်တယ်လို့ သိထားပြီး ဖြစ်မှာပါ။ ဒီလို အအေးမိ ဖျားနာတာကို သက်သာစေတဲ့ ကြက်သွန်ဖြူက ကျန်းမာရေးအတွက် ဘယ်လိုလေး ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ကြက်သွန်ဖြူ ဆိုရာဝယ်
ကြက်သွန်ဖြူက အခွံက အဖြူရောင်ပါ။ အနီရောင် ခပ်သန်းသန်းလေး ဖြစ်နေတတ်သလို ခရမ်းရောင် အစင်းလေးတွေလည်း ရှိတတ်ပါတယ်။ အမွှာလေးတွေ အများကြီးပါတာမျိုး ရှိသလို တစ်မွှာတည်းပါတဲ့ ဥတစ်လုံး ကြက်သွန်ဖြူလေးတွေလည်း ရှိပါတယ်။ အနံ့က စူးပြီး အရသာက စပ်ပါတယ်။
ကြက်သွန်ဖြူမှာ ဘာတွေပါလဲ
ကြက်သွန်ဖြူမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- အမျှင်ဓာတ်
- မဂ္ဂနိ
- ဗီတာမင် C
- ကယ်လ်ဆီယမ်
- ဆီလီနီယမ် တို့ပါဝင်နေပါတယ်။
အအေးမိ ဖျားနာတာကို သက်သာစေတဲ့ ကြက်သွန်ဖြူရဲ့ ကျန်းမာရေး အာနိသင်
အအေးမိ ဖျားနာတာကို သက်သာစေတဲ့ ကြက်သွန်ဖြူက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိသလို ပရိုတင်း နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အရောင်ကျစေနိုင်တယ်
ကြက်သွန်ဖြူက အရောင်ကျစေနိုင်သလို အဆစ်တွေ ကြွက်သားတွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်ရောဂါကြောင့် အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ထောက်ကူပေးပါတယ်။
နှလုံး ကျန်းမာစေတယ်
လေ့လာမှုအရ ကြက်သွန်ဖြူက သွေးကြောတွေကို ကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေကို ဖြစ်ပါ်စေပြီး သွေးကြောတွေ ကျဉ်းမြောင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
သွေးစီးဆင်းရောက်ရှိမှု ကောင်းတာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
အသားအရေ ကြည်လင်စေတယ်
ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး အသားအရေ ကြည်လင်စေဖို့ ထောက်ကူပေးမှာပါ။
အရေပြားမှိုရောဂါ သက်သာစေတယ်
ကြက်သွန်ဖြူ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရေဝဲစားတာ နဲ့ ပွေးလိုမျိုး အရေပြားပြဿနာတွေ သက်သာစေဖို့ ကြက်သွန်ဖြူကို အသုံးပြုပေးလို့ ရပါတယ်။
အစားအစာ ဘေးကင်းစေတယ်
ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အစာအဆိပ်သင့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ salmonella နဲ့ E.coliဆို့ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူစားရင်း အခုလို အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။
ရေးသားသူ - မွန်မွန်