ချစ်ရသူနဲ့ Date မလုပ်ခင် ဘာတွေ ပြင်ဆင်သွားမလဲ
ချစ်သူနဲ့ပဲဖြစ်ဖြစ် အခုမှပထမဆုံးဒိတ်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် တစ်ဖက်လူအမြင်မှာ ဆွဲဆောင်မှုရှိနေဖို့၊ လှပနေဖို့၊ ကိုယ့်ရဲ့ ပုံရိပ်ကောင်းလေးတွေ ထင်ကျန်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ ဒိတ်လုပ်ရင် သေသေချာချာ ပြင်ဆင်သွားဖို့ ဘာတွေလိုအပ်မလဲ?
(၁) အဝတ်အစား
ပထမဆုံးကတော့ အဝတ်အစားပါပဲ။ အဝတ်အစားက သစ်လွင်တောက်ပပြီး အရမ်း ခေတ်ဆန်နေစရာမလိုပါဘူး။ အရေးကြီးဆုံးက ကိုယ်နဲ့ လိုက်ဖက်ဖို့နဲ့ တစ်ဖက်လူအမြင်မှာ မရိုင်းနေဖို့ပဲ လိုတာပါ။ လူတွေအရမ်းအာရုံစိုက်ခံရတဲ့ အဝတ်အစားမျိုးကလဲ သင့်ကို လွတ်လပ်မှု မရှိစေလို့… ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တာမျိုးလေး၊ သက်တောင့်သက်သာရှိပြီး လွတ်လပ်တာမျိုးလေးတွေကို ရွေးဝတ်ပေးပါ။
(၂) ရေမွှေး
အချိန်တိုင်းလိုလို ကိုယ့်ကိုမှတ်မိစေဖို့နဲ့ ဆွဲဆောင်မှုရှိဖို့ မမေ့မလျော့ ဆွတ်သွားဖို့လိုတာကတော့ သင်နဲ့လိုက်ဖက်တဲ့ ရေမွှေးပါ။ တစ်ချို့ရေမွှေးတွေက သင့်ကို နောက်တစ်ခါ ပြန်တွေ့ချင်လောက်တဲ့အထိ စွဲမက်စေနိုင်ပါတယ်။ ရေမွှေးဆိုတာ ဒိတ်လုပ်တာရဲ့ အရေးကြီးဆုံးပစ္စည်းဖြစ်ပြီး Citrus , Fruity, Oriental scent လေးတွေက ဒိတ်လုပ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။
(၃) ဆံပင်
လှလှပပဝတ်စားထားပေမယ့် ဆံပင်တွေက ရှုပ်ပွပြီး သပ်သပ်ရပ်ရပ်မရှိဘူးဆိုရင် သင့်ကို အမှတ်လျော့စေမှာပါ…. ဆံပင်ကို အရမ်းကြီး ထူးထူးခြားခြား ဆင်ယင်ထုံးဖွဲ့စရာမလိုပါဘူး။ သဘာဝဆန်ဆန်လေးပဲ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို သပ်သပ်ရပ်ရပ် ပြင်ဆင်သွားပါ။
(၄) လက်သည်း
လက်သည်းလေးတွေကို ကြည့်လိုက်တာနဲ့ သပ်ရပ် သန့်ရှင်းနေတာကလဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားရာရောက်ပါတယ်။ အရှည်အတိုကတော့ ကိုယ်အဆင်ပြေသလိုထားလို့ရပါတယ်။ အဓိကကချေးညှော်ကင်းဖို့နဲ့ သပ်ရပ်လှပနေဖို့ပါ၊
(၅) မိတ်ကပ် အရမ်းမပြင်ပါနဲ့
ဒိတ်လုပ်တဲ့အချိန်မှာ အများစုလုပ်လေ့ရှိတဲ့အမှားက မိတ်ကပ်အထူကြီးနဲ့ ပြင်ဆင်လွန်းတာပါ။ တကယ်တော့ ဒိတ်လုပ်တဲ့အချိန်မှာ သဘာဝဆန်တာလေးက အကောင်းဆုံးနဲ့ အရိုးသားဆုံးဖြစ်ပါတယ်။မိတ်ကပ်ကို ပုံမှန်လေးပဲပြင်ပြီး ရိုးရိုးရှင်းရှင်းလေးပဲ ပြုံးပါ။
အခုပြောပြခဲ့တဲ့ အချက် (၅) ချက်က ဒိတ်လုပ်တဲ့အချိန် သင်နဲ့ သင့် partner အတွက် အမှတ်တရကောင်းလေးတွေ ဖြစ်စေဖို့… သင့်ရဲ့ ပုံရိပ်လေးတွေ သူ့ရဲ့ မှတ်ဉာဏ်ထဲ စွဲထင်စေဖို့ … အကောင်းဆုံးကူညီပေးနိုင်မှာ အသေချာပါပဲနော်…
ယုဝါ (ဆေးဝါးကျွမ်းကျင်)