နှလုံးရောဂါရှိမရှိကို ရင်ဘတ်အောင့်တာ၊ မောတာ၊ အသက်ရှူကြပ်တာ စတဲ့လက္ခဏာတွေကို ကြည့်ပြီး ပြောလေ့ရှိတယ်နော်။ အဲဒီလိုပဲ အရေပြားကို ကြည့်ခြင်းအားဖြင့် နှလုံးရောဂါရှိနေတာကို သိနိုင်တယ်ဆိုတာရော ကြားဖူးကြလား။
သွေးတိုးက ကျောက်ကပ် ထိခိုက်စေသလားဆိုတာကို သွေးတိုးခြင်းက ကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုလို့ ဆိုရပါမယ်။ သွေးတိုးတာက ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ကျဉ်းမြောင်းစေပြီး သွေးလုံလောက်စွာ ရရှိဖို့ ခက်ခဲစေပါတယ်။ ဒီအခြေအနေကပဲ ကျောက်ကပ်ကို...
‘သွေးပေါင်တတ်လို့ သွေးကျဆေး သောက်လိုက်တယ်၊ သွေးတိုးမယ့် အစားအစားစားမိပြီး နေလို့ မကောင်းလို့ သွေးပေါင်ကျဆေး သောက်လိုက်တယ်’ သွေးတိုးရောဂါရှိသူတစ်ယောက် အနေနဲ့ ဒီလိုမျိုး သွေးပေါင်ကျဆေးကို ရံဖန်ရံခါမှ သောက်တာက အမြဲတမ်းအတွက် အဆင်ပြေနိုင်ပါ့မလား?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာများအရ ကမ္ဘာပေါ်မှာရှိတဲ့ အသက် ၃၀ကနေ ၇၉ နှစ်အတွင်း လူတွေအနက် ၁.၂၈ ဘီလီယံခန့်ဟာ သွေးတိုးရောဂါကို ခံစားနေရပါတယ်။ သွေးတိုးရောဂါရှိသူတွေရဲ့ ၄၆ ရာခိုင်နှုန်းခန့်ဟာ သူတို့ကိုယ်သူတို့ သွေးတိုးရှိနေမှန်း မသိကြသလို ကုသမှုလည်...
နှလုံးရောဂါဖြစ်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ မျိုးရိုးဗီဇကြောင့် ဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့ လူမှုဓလေ့ထုံးစံတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်တာပါ။
သာမန်အားဖြင့် ခန္ဓာကိုယ်ဝတဲ့သူတွေဟာ အဆီတွေမြင်နေရတာများလို့ သွေးတွင်းအဆီလည်း သေချာပေါက်များမှာပဲလို့ ပြောနိုင်ပေမယ့် ပိန်ပိန်သွယ်သွယ် slim လေးတွေမှာလည်း သွေးတွင်းအဆီ များနိုင်ပါသေးတယ်။ ပိန်ပိန်ဝဝ သွေးတွင်းအဆီများရင်တော့ နှလုံးရောဂါဖြစ်ဖို့ များပါလိမ်...
လူရေနစ်တဲ့အခါ အဆုတ်ပါရေနစ်တတ်ပြီး လူကရေမနစ်ပေမယ့် အဆုတ်ကပဲ ရေနစ်တာမျိုးလည်း ရှိပါတယ်။ အဆုတ်ရေနစ်တာကို ဆေးပညာမှာ pulmonary edema လို့ခေါ်ပြီး များသောအားဖြင့် အရေးပေါ်အခြေအနေဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။
နှလုံးကြီးလာတာဟာ ပေါ့ဆသင့်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ နှလုံးပျက်စီးတာ၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်တာအထိ ဖြစ်နိုင်ခြေရှိပါတယ်။ မိဘမျိုးရိုးမှာ နှလုံးရောဂါရှိခဲ့ရင် မိမိမှာလည်း ဖြစ်နိုင်ခြေရှိတာမို့ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ခြင်း၊ လေ့...
အသက် ၆၅ နှစ်အထက်လူကြီးတွေဟာ ငယ်တဲ့လူတွေထက် နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်တာ၊ နှလုံးပျက်စီးတာနဲ့ နှလုံးအမောဖောက်တာ ပိုအဖြစ်များပါတယ်။ နှလုံးရောဂါဟာ လုပ်ကိုင်နိုင်စွမ်းနဲ့ ဘဝရဲ့အရည်အသွေးကို ကျဆင်းစေပါတယ်။
ရုတ်တရက် ထလိုက်ရင်မူးသွားတာကို ဆေးပညာမှာ orthostatic hypotension or postural hypotension လို့ခေါ်ပြီး အိပ်နေရာ သို့မဟုတ် ထိုင်နေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ သွေးပေါင်ကျသွားတဲ့အတွက် ဖြစ်တာပါ။ ခေါင်းမူးသွားတာ၊ ခေါင်းကိုက်တာ၊ မျက်စိတွေပြာဝေသွားတာ၊ မူးမေ့လ...