ကလေးကို ဘာကြောင့် ၂ နှစ်အရွယ်အထိ မိခင်နို့တိုက်ဖို့ လိုအပ်တာလဲ

ကလေးတွေကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ရမယ်။ ၆ လနောက်ပိုင်းမှာ ဖြည့်စွက်စာနဲ့ အတူ မိခင်နို့ကို ၂ နှစ်အထိ တိုက်ပေးရမယ်လို့ ပြောတာကို မေမေတိုင်း ကြားဖူးမှာပါ။ ကလေးကို ၂ နှစ်အထိ နို့ချို တိုက်ကျွေးရမယ် ဆိုပေမယ့် မေမေက အလုပ်လုပ်ရလို့ နောက်ကလေ...


ကလေးငယ်ငယ် ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ရယ်

အခုနောက်ပိုင်းမှာ ဉာဏ်ရည်ထက်မြက်ရုံနဲ့ မပြီးဘဲ အောင်မြင်သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ရေးမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ကလည်း အတော်လေးကို အရေးကြီးလာတာပါ။ ဒီလို ပေါင်းသင်းဆက်တံရေး ကောင်းဖို့ ဆိုတာကလည်း ကြီးလာမှ ပြင်ယူလို့ ရတာမျိုး မဟုတ်ဘဲ ငယ်စဉ်ကလေးဘဝ...


ကလေးတွေမှာ ဖြစ်တတ်တဲ့ လေးဖက်နာ (JIA)

လေးဖက်နာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ သိထားတာက လူကြီးတွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာ တစ်မျိုးရယ်လို့ပေါ့။ ကလေးတွေမှာတော့ ဖြစ်မှာမဟုတ်လောက်ပါဘူးဆိုတာမျိုး​ပေါ့။ တကယ်ကတော့ လေးဖက်နာက ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။


ကလေးတွေမှာ အပူဖုတွေ ထွက်လာရင် သက်သာစေဖို့

ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားကျန်းမာရေး ကိစ္စ တစ်ခုရှိပါတယ်။ ဒါကတော့ အရေပြားမှာ အပူဖုတွေ ထွက်တာပါ။ ဒီလို အပူဖု ထွက်ရတာက ချွေးပေါက်တွေ ပိတ်ဆို့တာ ရောင်ရမ်းတာကနေ အစပြုတာပါ။ ဒီလိုနဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာပြီး ပြည်တွေစုကာ ရောင်ရမ်း နာကျင်လ...


ကလေးတွေကို အချိုရည်တိုက်ရင် ဘာဖြစ်မလဲ

ဂတ်စ်ပါတဲ့ အချိုရည်တွေ၊ ဆိုးဆေးပါတဲ့ အချိုရည်တွေ၊ ဆိုဒါနဲ့ စွမ်းအားဖြည့် အချိုရည်တွေက ကလေးတွေကို တိုက်လို့ ရတယ်လို့ ထောက်ခံချက် ပေးမထားပါဘူး။ ကလေးတွေအတွက် ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ် မပါသလို ကယ်လ်လိုရီတွေနဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေ မပါပါဘူး။ ဒါတွေအစ...


ကလေးငယ်လေးတွေမှာ ဖြစ်တဲ့ မျက်စိထိခိုက်ခြင်းများ

အသက် (၁၈) နှစ်အောက် ကလေး ၂၀ ရာခိုင်နှုန်းမှာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေ ခံစားနေရပါတယ်တဲ့။ မိဘ အများစုဟာ ဒီအချက်ကို သတိမပြုမိကြသလို ကလေးတွေရဲ့ မျက်လုံးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးကြီးထွားဆဲဖြစ်တဲ့ ကလေးငယ်လေးတွေမှာ မျက်စိကျန်း...


ကလေးတွေကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်များ

အစကောင်းမှ အနှောင်းသေချာ ဆိုသလို ဖြစ်ရအောင် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်တွေကို ကလေးအရွယ် ငယ်စဥ်တည်းက သင်ပေး၊ လေကျင့်ပေးသင့်ပါတယ်။ ကလေးတွေဆိုတာ ရွှံတွေ၊ ဖုန်တွေသဲတွေ ကိုင်တွယ်ကစားတတ်သလို တွေ့ကရာကိုင်တွယ်တတ်၊ တွေ့တဲ့နေရာမှာ ထိုင်ချ၊ လှဲအိပ်တာမျို...


ကလေးကို ငှက်ပျောသီး ကျွေးပေးရင် ဘယ်လိုအကျိုးရှိမလဲ

ငှက်ပျောသီးဆိုတာက ကလေးတော်တော်များများ နှစ်ခြိုက်ကြသလို စားလို့လည်း ကောင်းပါတယ်။ ဒီလောက်နဲ့ ပြီးသွားလား ဆိုတော့ မဟုတ်သေးပါဘူး။ ငှက်ပျောသီးက သားသားမီးမီးတို့အတွက် ကောင်းကျိုးလည်း များပါတယ်။ 


ကလေးက ခဏခဏ ဖျားနာရင် ဘာတွေ ဖြစ်လာနိုင်သလဲ

ကလေးတွေက လူကြီးတွေထက် ပိုပြီး ဖျားနာလွယ်ပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုက ကလေးတွေက တစ်နှစ်တာမှာ အမျိုးမျိုးသော ဗိုင်းရပ်စ် အသစ်တွေနဲ့ ထိတွေ့နေရတာကြောင့်...


မိုးရာသီက ကလေးတွေကို ဘယ်လို အရေပြားပြဿနာတွေ ဖြစ်စေနိုင်လဲ

စိုစွတ်တဲ့ မိုးရာသီက သားသားမီးမီးတို့ ပျော်ရွှင်ကြတဲ့ ရာသီတစ်ခုပါ။ သားသားမီးမီးတို့အတွက် ပျော်စရာ ဆိုပေမယ့် မိဘတွေအတွက်ကတော့ ဒီလို မဟုတ်ပါဘူး။ သားသားမီးမီးတို့မှာ ဖျားနာတာ နဲ့ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် သိရှိကာကွယ်နိုင်ဖို့...