မျက်စိကျန်းမာအောင် ကြက်ဥစားပေးပါ
စက္ကုနှစ်ကွင်း ကျန်းမာနေမှ သဘာဝ အလှတရားတွေကို ခံစားနေနိုင်မှာပါ။ ဒီလို စက္ကုအာရုံ ကျန်းမာစေဖို့ စားပေးရမယ့် အစားအစာလေး တစ်မျိုး ရှိနေပါတယ်။ ဒါကတော့ ကလေးအများစုရော လူကြီးတော်တော်များများပါ ပြုတ်တစ်ခါ ကြော်တစ်လှည့် ချဉ်ရည်ပါချက်စားတတ်တဲ့ ကြက်ဥလေးပါ။
ကြက်ဥ ဆိုရာဝယ်
ကြက်ဥမှာ ဗမာကြက်ဥနဲ့ ဘိလပ် ကြက်ဥဘယ်လိုကွဲကွဲ အာဟာရတန်ဖိုး အရမ်းကွာခြားသွားတာမျိုး မရှိပါဘူး။ အရသာကတော့ ကွာခြားပါတယ်။ ကြက်ဥက အခွံ အုတ်ကျိုးရောင်လေးရှိပြီး အကာက အဖြူပါ။ အနှစ်ကတော့ အဝါရောင်ပါ။ စားရင်ချိုပြီး ဆိမ့်နေတာပါ။
ကြက်ဥမှာ ဘာတွေပါ
စားလို့ အရသာရှိတဲ့ ကြက်ဥမှာ ဗီတာမင် အေ၊ ဖောလိတ်၊ ဗီတာမင် ဘီအုပ်စု၊ ဆီလီနီယမ်၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ ဗီတာမင် အီးတို့ ပါဝင်နေပါတယ်။
မျက်စိကျန်းမာစေဖို့ ကြက်ဥစားပါ
အသက်ရလာလေလေ အမြင်ကမွဲလာလေလေပါ။ ဒါကလည်း ကိုယ်ထဲမှာ အာဟာရဓာတ်တွေ လျော့နည်းလာတာကြောင့်လို့ပဲ ဆိုရပါမယ်။ ဒါပေမာ့် အသက်ရလာလို့ အမြင်မွဲတာမျိုး မဖြစ်ချင်ဘူးဆိုရင် ကြက်ဥ စားပေးပါ။
ဘာလို့လဲဆိုတော့ ကြက်ဥမှာ အမြင်အာရုံအတွက် အာဟာရဓာတ်တွေလို့ ဆိုရမယ့် lutein နဲ့ zeaxanthin တို့ ပါဝင်နေတာကြောင့်ပါ။ ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် မျက်လုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းတာမျိုး မဖြစ်အောင် အားဖြည့်ပေးပါတယ်။
ကြက်ဥကို အကာရော အနှစ်ရော စားပေးတာက မျက်စိကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ မျက်စိကျန်းမာစေတာအပြင် ကြက်ဥစားပေးရင် ဘာကောင်းကျိုးတွေ ရနိုင်သေးလဲဆိုတာ ဆက်ပြောပြပေးပါမယ်။
ကြွက်သားသန်မာစေတယ်
ကြက်ဥမှာ ပရိုတင်းပါဝင်နေတာကြောင့် ခန္ဓာကိုယ် တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး ကြွက်သားတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။
ဦးနှောက် ကျန်းမာစေတယ်
ကြက်ဥမှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။
အားရှိစေတယ်
အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်နေတဲ့ ကြက်ဥက အားရှိစေဖို့ အစွမ်းကုန် ထောက်ကူပေးမှာပါ။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် အေ၊ ဆီလီနီယမ်၊ ဗီတာမင် ဘီ-12 ပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။
နှလုံး ကျန်းမာစေတယ်
ကြက်ဥမှာ ကိုလင်း ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးပါတယ်။
ဝိတ်ကျစေတယ်
ဗိုက်ကို ပြည့်နေချိန် ကြာမြင့်စေပြီး အစားအများကြီး မစားမိအောင် လုပ်ဆောင်ပေးတာကြောင့် မလိုအပ်ဘဲ မစားမိအောင် ကူညီပေးမှာပါ။
အသားအရေ ကောင်းစေတယ်
ဗီတာမင် အေ ပါဝင်နေတာရယ် ဗီတာမင် ဒီ ပါဝင်နေတာရယ်က အရေပြားကို အားဖြည့်ပေးပြီး အသားအရေ ကောင်းအောင် ကူညီပေးမှာပါ။
ရေးသားသူ - မွန်မွန်