စိတ်ဖိစီးနေလား? ချောကလက် စားပါ
စိတ်ဖိစီးတာက နေ့စဉ်ဘဝရဲ့ ဖယ်ထုတ်ဖို့ခက်တဲ့ အစိတ်အပိုင်း တစ်ရပ်ရယ်ပါ။ လူတိုင်း စိတ်ဖိစီးမှု ကင်းကြတယ်ရယ် မရှိပါဘူး။ ဒီတော့ စိတ်ဖိစီးမှု ကင်းချင်ရင် ဘာလုပ်ကြမလဲ? ပရိသတ်ကြီးရော ဘာလုပ်ရမယ်ထင်လဲ? အဖြေကတော့ ရှင်းပါတယ်။ စိတ်ဖိစီးလာရင် အရသာရှိရှိ ချောကလက်လေးကို စားလိုက်ဖို့ပါ။
ချောကလက် ဆိုရာဝယ်
ချောကလက်ကို ကလေးကအစ လူကြီးအဆုံး အရွယ်သုံးပါးစလုံး ကြိုက်ကြပါတယ်။ ချောကလက်ဆိုတဲ့နေရာမှာ ချောကလက် အဖြူကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုကိုးစေ့ကနေ ထုတ်ထားတဲ့ အနက်ရောင် ချောကလက်ပါ။ ပုံစံအမျိုးမျိုး ရှိသလို အရသာက ချိုတာကနေ ခါးသက်သက်အထိ သကြားပါဝင်မှုကို လိုက်ပြီး အရသာ ကွာခြားနိုင်ပါတယ်။ အရောင်ကတော့ အညိုရောင်ရင့်ရင့်ပါ။
ချောကလက်မှာ ဘာတွေပါ
ဘယ်အချိန်စားစား သဘောကျစရာကောင်းတဲ့ ချောကလက်မှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် စီ၊ အင်ဒီအောက်ဆီဒင့် စတာတွေ ပါဝင်နေပါတယ်။ ကဖင်းလည်း အနည်းငယ် ပါဝင်ပါတယ်။
စိတ်ဖိစီးရင် ချောကလက် စားပါ
ချောကလက်ကို ကိုကိုးစေ့ကနေ ထုတ်လုပ်တာဖြစ်ပြီး ကဖင်းဓာတ်လည်း ပါဝင်နေတာကြောင့် ဖိစီးနေတဲ့ စိတ်တွေကို ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ စိတ်ဖိစီးနေချိန်မှာ ချောကလက်စားတာက နည်းလမ်းကောင်း တစ်ရပ်ပါ။
အရမ်းအများကြီး မစားမိဖို့တော့ လိုပါမယ်။ ချောကလက်ကို လိုတာထက် ပိုစားတာက အိပ်စက်မှုကို ထိခိုက်စေနိုင်လို့ပါ။ လူတစ်ယောက် အနေနဲ့ စိတ်ကျန်းမာရေး ကောင်းစေဖို့နဲ့ စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင် တစ်နေ့ကို ချောကလက်ပမာဏ ၁.၅ အောင်စထက် ပိုမစားသင့်ပါဘူး။
ချောကလက်က စိတ်ဖိစီးမှု ပြေလျော့စေသလို အခုလို ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရရှိစေနိုင်ပါသေးတယ်။
မှတ်ဉာဏ်ကောင်းစေတယ်
ချောကလက်က စိတ်ခံစားမှု ကောင်းစေပြီး မှတ်မိနိုင်စွမ်း တိုးစေဖို့ ထောက်ကူပေးနိုင်တဲ့ အရသာရှိ စားဖွယ်တစ်မျိုးပါ။
နှလုံးကျန်းမာစေတယ်
သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးဆီ သွေးရောက်ရှိမှု ကောင်းအောင် ထောက်ကူပေးခြင်းဖြင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
အသားအရေ ကျန်းမာစေတယ်
Glow skin ရချင်သလား? ချောကလက် စားပါ။ ချောကလက်က သွေးကြောလေးတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
ဗီတာမင် စီနဲ့ အင်ဒီအောက်ဆီးဒင့် ပါဝင်နေမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးရင်း ရောရါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
ဆံသား ကျန်းမာစေတယ်
ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ဗောက်မထအောင် ကာကွယ်ပေးသလို ဆံသားတောက်ပြောင်စေဖို့လည်း အားဖြည့်ပေးပါတယ်။
ကင်ဆာကာကွယ်ပေးတယ်
ချောကကလက်က အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
ရေးသားသူ - မွန်မွန်