ကိုဗစ်ကာကွယ်ဆေးတွေက ဓမ္မတာပြဿနာတွေ ဖြစ်စေသလား
ကိုဗစ်ရောဂါကြောင့် ထိခိုက်မှုတွေ မဖြစ်အောင်ဆိုပြီး မကြာသေးခင်ကာလတွေကစလို့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံလာကြပါတယ်။ ကာကွယ်ဆေးတွေက ဘေးကင်းအောင် ထုတ်ထားတဲ့ အရာတွေဖြစ်ပြီး ရောဂါဆိုးတွေကနေ ကာကွယ်ပေးတဲ့ အရာတွေ ဆိုပေမယ့် ကိုယ်ခံအားကို ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတာ ဖြစ်တာကြောင့် ကိုယ်တွင်းမှာ သက်ရောက်မှုလေးတွေတော့ နည်းနည်း ရှိနေနိုင်ပါတယ်။
ကိုဗစ် ကာကွယ်ဆေးက စထိုးစမှာ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်ဆိုပြီး ၂ ကြိမ် ထိုးရပါတယ်။ ပြီးရင်တော့ ထပ်ဆောင်းကာကွယ်ဆေးကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ရယ်ဆိုပြီး ထိုးနှံကြပါတယ်။ ဒီလို ထိုးနှံပေးတာက ကိုယ်ခံအားကို အားဖြည့်တာဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ကာကွယ်ဆေးရဲ့ သက်ရောက်မှုကြောင့် ရာသီစက်ဝန်းပြောင်းလဲတာမျိုးတွေ ရှိပါတယ်။
လေ့လာတွေ့ရှိချက်ကို အခြေခံ၍
လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိရတာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေမှာ ရာသီစက်ဝန်းပြောင်းလဲမှုတွေ ရှိနေတာပါ။
ဒီလေ့လာမှုကို Oregon ကျန်းမာရေးနဲ့ သိပ္ပံပညာတက္ကသိုလ်က ဆေးသိပ္ပံပညာရှင် Alison Edelman, M.D., M.P.H ကဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းအပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ သက်ရောက်မှု ရှိသလဲဆိုတာကို လေ့လာခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့ အမျိုးသမီးတွေမှာ ရာသီစက်ဝန်း ကာလရှည်သွားတာ၊ ရာသီစက်ဝန်း တိုသွားတာ၊ ရာသီသွေး မပေါ်တာ၊ ရာသီသွေး အများကြီး ဆင်းတာ၊ ရာသီသွေး နည်းနည်းပဲ ဆင်းတာ၊ ရာသီသွေးက စက်ဝမ်းအလယ်မှာ ပေါ်တာမျိုးတွေပါ။ နားရှင်းအောင် ပြောပြရရင် လာရမယ့် ရက်မလာတာ၊ ၅ ရက် အစား ၃ ရက်လောက်ပဲဆင်းပြီး ရက်တိုသွားတာ၊ ၅ ရက်ဆင်းနေကျကို ၇ ရက်လောက်အထိ သွေးဆင်းနေတာ၊ ရာသီလာရမယ့် ရက်မဟုတ်ဘဲ သွေးနည်းနည်းစီ ဆင်းတာမျိုးတွေပေါ့။
တွေ့ရှိချက်တွေအရ သိရတာက ကာကွယ်ဆေး ထိုးပြီးတဲ့ အမျိုးသမီးတွေက ရာသီသွေးဆင်းရက် 3.7 ရက် တိုးလာပါတယ်။ အကြမ်းဖျင်းအနေနဲ့ ဆေးထိုးထားတဲ့ သူတွေမှာ ဆေးတစ်ကြိမ် ထိုးပြီးသူမှာ ရာသီသွေးဆင်းရက်က တစ်ရက်မပြည့်တဲ့ အတိုင်းအတာ တစ်ခုအနေနဲ့ 0.71 ရက် တိုးလာပြီး ကာကွယ်ဆေး ၂ ကြိမ်စလုံး ထိုးပြီးချိန်မှာတော့ a 0.56 တိုးလာတာပါ။
ရာသီစက်ဝန်းပြောင်းလဲမှုက အမျိုးသမီးတိုင်းမှာ ပုံမှန်အတိုင်းလည်း ကြုံတွေ့ရနိုင်ပေမယ့် ကာကွယ်ဆေး ထိုးပြီးချိန်မှာတော့ ရာသီစက်ဝန်းပြောင်းလဲနိုင်ခြေက ရက်အားဖြင့် ၈ ရက်ကျော် (ရာခိုင်နှုန်း အားဖြင့် ၁၃.၅ ရာခိုင်နှုန်း) ရှိနေပါတယ်။ ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ ရာသီစက်ဝန်း ပြောင်းလဲနိုင်ခြေက ၅ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။
ကာကွယ်ဆေး အမျိုးအစားကို လိုက်ပြီး ပြောင်းလဲနိုင်ခြေရှိလား?
ကိုဗစ်ကာကွယ်ဆေးတွေက အမျိုးအစားတွေ အများကြီး ရှိတာကြောင့် ကာကွယ်ဆေးတွေ အမျိုးအစားကွဲပြားမှုကို လိုက်ပြီး ရာသီစက်ဝန်း ပြောင်းလဲမှုက ကွာခြားမှု ရှိနေမလားလို့ စိတ်ပူနေနိုင်ပါတယ်။ တွေ့ရှိချက်အရ သိရတာက ကာကွယ်ဆေး အမျိုးအစားကို လိုက်ပြီး ကွဲပြားတာမျိုး မရှိပါဘူး။ ဘယ်ကာကွယ်ဆေး အမျိုးအစားကိုပဲ ထိုးထိုး ရာသီစက်ဝန်း ပြောင်းလဲချိန်ကတော့ အတူတူပါပဲ။
ထပ်မံကြိုးပမ်း ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေ နည်းပညာအသစ်တွေရဲ့ သက်ရောက်မှုကလည်း ကွဲပြားသွားတာ မရှိပါဘူး။
ထို့အပြင်၊ ကာကွယ်ဆေးအမျိုးအစားများအလိုက် သံသရာအရှည်ပြောင်းလဲမှုများသည် တူညီနေပုံရပြီး ကာကွယ်ဆေးနည်းပညာအသစ်နှင့်ပတ်သက်ပြီး စိုးရိမ်သောကရှိသူများအတွက် စိတ်ချရကြောင်း Edelman မှ ပြောကြားခဲ့သည်။
တကယ်တော့ ကာကွယ်ဆေးထိုးလိုက်လို့ ရာသီစက်ဝန်းအပါအဝင် ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်မှု ဖြစ်စဉ်တွေ ပြောင်းလဲသွားတာက ခန္ဓာကိုယ်မှာ တွေ့ကြုံရတဲ့ အတွေ့အကြုံအပေါ် သတိရှိရှိနေတာ၊ စိုးရိမ်ကြောက်ရွံ့စိတ် ရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ကိုဗစ်ကာကွယ်ဆေးကြောင့် ရာသီစက်ဝန်း ပြောင်းလဲတာက ဖြစ်နိုင်တယ်ဆိုပေမယ့် ယာယီပါပဲ။ တကယ်လို့ ရာသီစက်ဝန်း ပြောင်းလဲမှုက အချိန် ကြာမြင့်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပေးချင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးက ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်တယ်ဆိုပေမယ့် ကြီးမားတဲ့ ထိခိုက်မှု မရှိပါဘူး။ အခြားအချက်တွေကို တိတိကျကျ သိရှိနိုင်ဖို့အတွက်တော့ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။
ရေးသားသူ - မွန်မွန်