ဆယ်ကျော်သက်ဝက်ခြံ
လူပျိုဖော်၊ အပျိုဖော်ဝင်စ ဆက်ကျော်သက်တွေမှာ ဝက်ခြံပိုပေါက်တယ်ဆိုတာကတော့ လူတိုင်းနီးပါး သိတဲ့အရာပါ။ ဆက်ကျော်သက်တွေရဲ့ 85% ကျော်ဟာ ဝက်ခြံပြဿနာကို ခံစားရတတ်ပါတယ်။ အများအားဖြင့် ချွေးပေါက်လေးတွေ ပိတ်လို့ဖြစ်တဲ့ အဆီဖုအဖြူ၊ အမဲတွေ၊ နာလည်းနာတဲ့ဝက်ခြံတွေကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ ရင်ဘတ်၊ ကျောနဲ့ လက်တွေမှာ တွေ့ရတတ်ပါတယ်။
Cause Overview
ဝက်ခြံဘာလို့ ဖြစ်တာလဲ?
ခန္ဓာကိုယ်မှာ မွှေးညင်းပေါက်လို့ ခေါ်တဲ့ ချွေးပေါက်လေးတွေထဲမှာ အဆီဂလင်းတွေ ပါဝင်ပါတယ်။ လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့အခါ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အန်ဒရိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းတွေ အများကြီးထွက်လာပါတယ်။ အန်ဒရိုဂျင်တွေဟာ အဆီဂလင်းတွေကို ပိုပြီးကြီးလာစေ၊ ပိုပြီးအလုပ်လုပ်စေပြီး အဆီတွေပိုထွက်လာပါတယ်။ အဆီတွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာစေသလို မွှေးညင်းပေါက်တွေကို ဆဲလ်သေတွေနဲ့ ပိတ်ဆို့စေပြီး ဝက်ခြံတွေ ဖြစ်လာတာပါ။
ပိတ်နေတဲ့မွှေးညင်းပေါက်က ပိုးဝင်လာရင် နီရဲပြီး ရောင်ရမ်းလာပါတယ်။ မွှေးညင်းပေါက်ထဲမှာ ပိတ်ဆို့နေသလို အပေါ်ယံအရေပြားကလည်း ပိတ်နေပြီးဖောင်းလာရင် အဆီဖုအဖြူဖြစ်လာပြီး မွှေးညင်းပေါက်ဆို့နေပေမယ့် အရေပြားကပွင့်နေရင်တော့ လေနဲ့ထိတွေလို့မဲနေပြီး အဆီဖုအမဲ ဖြစ်လာပါတယ်။ ပိတ်နေတဲ့မွှေးညင်းပေါက်ထဲမှာ ဘက်တီးရီးယားတွေ ပိုပြီးပေါက်လာရင်တော့ ပြည်ဖုလိုတွေအထိပါ ဖြစ်လာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တားဆေးသုံးတဲ့သူတွေ၊ ရာသီလာနေစဥ်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ခရင်မ်နဲ့ အလှကုန်တွေ၊ ဆံပင်ဆိုးဆေးတွေနဲ့ တချို့ခေါင်းလိမ်းဆီတွေကလည်း မွှေးညင်းပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်လာစေပါတယ်။
Living & Managing
<p>အဝတ်နဲ့ကြမ်းတမ်းစွာ ပွတ်သုတ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ လက်နဲ့ကိုင်တွယ် ကုတ်ဖဲ့ခြင်းတွေက ဝက်ခြံကို ပိုဆိုးလာစေပါတယ်။ စိတ်ဖိစီးမှုများရင်လည်း ပိုဆိုးပါတယ်။</p>
<p>အဆီဖုအဖြူနဲ့ အမဲက ကုရအလွယ်ဆုံးဖြစ်ပြီး နီရဲရောင်ရမ်းနေတဲ့ ပြည်ဖုလိုဝက်ခြံတွေကတော့ ပျောက်ကင်းဖို့ကြာသလို လိမ်းဆေး၊ သောက်ဆေးတွေ သုံးစွဲဖို့လိုအပ်နိုင်ပါတယ်။</p>
Support & Resources
ဘယ်လိုကုသမလဲ?
နိုင်ငံမျိုးစုံကနေ ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ အလှကုန်တွေ အမျိုးပေါင်းများစွာ ရှိတာမို့ ကိုယ်နဲ့သင့်တော်ရာ၊ အဆင်ပြေရာကို ရွေးချယ်သုံးလို ရပါတယ်။ ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းမှာ Azelaic acid, Benzoyl peroxide, Glycolic acid, Lactic acid, Retinoids, Salicylic acid, Various fruit acids စတာတွေ ပါဝင်တာကို သတိထားရွေးချယ်သင့်ပါတယ်။
Skin care လုပ်ယုံနဲ့ မသက်သာဘဲ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေအတွက် ပိုးသတ်ဆေးသုံးဖို့ လိုအပ်ပါတယ်။ Clindamycin ၊ azithromycin စတဲ့ ပိုးသတ်ဆေးတွေ အသုံးများပြီး အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါတယ်။ အနာသက်သာတဲ့ဆေး၊ ရောင်ရမ်းတာသက်သာတဲ့ဆေးတွေလည်း လိုအပ်ရင် သောက်နိုင်ပါတယ်။
Skin care လုပ်တာ၊ ဆေးသောက်တာနဲ့တော့ ဝက်ခြံကင်းစင်ဖို့ မလုံလောက်ပါဘူး။
ညအိပ်ယာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်တာ
တစ်နေ့ကိုနှစ်ကြိမ် မျက်နှာသန့်ရှင်းရေး လုပ်တာ
ကြမ်းတမ်းစွာ ပွတ်တိုက်သုတ်ခြင်းမှ ရှောင်တာ
မျက်နှာကို လက်နဲ့ထိကိုင်ခြင်း၊ ဝက်ခြံကို ဆိတ်ခြင်း၊ ဆွခြင်းတွေ ရှောင်တာ
လက်ကိုမကြာခဏ ဆေးတာတွေ
ဆီကြော်တွေ၊ အပူအစပ်တွေ လျှော့စားတာက ဝက်ခြံပျောက်ကင်းဖို့ အထောက်အကူရသလို နောက်ထပ်မဖြစ်အောင်လည်း ကူညီပေးမှာပါ။
ဝက်ခြံတွေဟာ သေချာကုသမှု မလုပ်ရင် ရုပ်ဆိုးစေတဲ့ အမာရွတ်တွေ၊ ချိုင့်ခွက်တွေ ဖြစ်စေပြီး အလှပျက်၊ မိမိကိုယ်ကို ယုံကြည်မှုပျောက်စေတာမို့ မပေါ့ဆဘဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်