ဘာကြောင့် နေရောင်ကာခရင်မ် လိမ်းသင့်တာလဲ
Skin care အဆင့်တွေထဲမှာ အရေးအကြီးဆုံးနဲ့ မပါမဖြစ်အဆင့်အဖြစ် သတ်မှတ်လာကြတာက နေရောင်ကာခရင်မ် လိမ်းတဲ့အဆင့်ပါပဲ။ အရင်တုန်းကတော့ နေရောင်ကာခရင်မ်ကို ကမ်းခြေသွားမှ၊ နေပူထဲထွက်မှ လိမ်းဖို့လိုတယ်လို့ ထင်ခဲ့ကြပါတယ်။
တကယ်တော့ နေရောင်ကာခရင်မ်ကို နေပူထဲမသွားလည်း လိမ်းဖို့လိုအပ်တယ်လို့ ပြောလာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲမှာနေပေမယ့် ဖုန်း၊ ကွန်ပြူတာတွေ၊ မီးချောင်းမီးလုံးတွေက ထွက်တဲ့ရောင်ခြည်တွေ၊ ထမင်းဟင်းချက်ရာမှာထိတွေ့ရတဲ့ အပူငွေ့တွေကလည်း နေရောင်ခြည်လိုပဲ အသားအရေကို ထိခိုက်စေလို့ပါ။
ဒီဆောင်းပါးမှာ နေရောက်ကာခရင်မ်လိမ်းဖို့ ဘာကြောင့်အရေးကြီးတာလဲ ဆိုတာကို ပြောပြပါမယ်။
နေရောင်ခြည်တွေက ကာကွယ်ပေးတယ်
နေရောင်ခြည်ထဲမှာပါတဲ့ UV rays တွေကို နေရောင်ကာခရင်မ် လိမ်းခြင်းဖြင့်ကာကွယ်ပေးပါတယ်။ နေရောင်ခြည်မှာ ဗိုက်တာမင် D ပါဝင်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် မနက်ခင်း ၉-၁၀ နာရီမတိုင်ခင် နေရောင်ခြည်နွေးနွေးကိုသာ ခံယူသင့်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းက ကာကွယ်ပေးတယ်
နေရောင်ခြည်မှာ အများဆုံးပါတဲ့ UVA rays တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ UVA က အရေးအကြောင်းတွေ၊ မှဲ့ခြောက်တွေ၊ အမဲစက်တွေနဲ့ အသားအရေခြောက်သွေ့တာတွေ ဖြစ်စေတာမို့ လှပနုပျိုတဲ့ မျက်နှာလေးပိုင်ဆိုင်ချင်သူတိုင်း နေရောင်ကာခရင်မ် လိမ်းသင့်ပါတယ်။
အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်
နေရောင်ခြည်ထဲမှာပါတဲ့ နောက်ထပ်ရောင်ခြည်တစ်ခုက UVB ပါ။ UVB ဟာ UVA လောက်တော့ ပါဝင်နှုန်းမများပေမယ့် အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ သတ္တိရှိပါတယ်။ နေရောင်ကာခရင်မ်လိမ်းခြင်းဖြင့် UVB တွေ မထိအောင်ကာကွယ်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
နေလောင်ခြင်းကို ကာကွယ်ပေးတယ်
နကိုဖြူဝင်းတဲ့ အသားအရေက နေလောင်တဲ့အခါ ညိုမဲသွားတာမျိုး မြင်ဖူးကြမှာပါ။ အနောက်နိုင်ငံတွေမှာ အသားညိုတာကို လိုချင်လို့ နေလောင်ခံကြတာတွေ ရှိပေမယ့်လည်း နေလောင်တာဟာ UVB rays တွေကြောင့် ဖြစ်ပြီး အရေပြားကင်ဆာကို ဖြစ်စေပါတယ်။ နေလောင်တဲ့အခါ အရေပြားကွာတာ၊ နီရဲရောင်ရမ်းတာ၊ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အရေပြားပြဿနာတွေက ကာကွယ်ပေးတယ်
ပူပြင်းတဲ့ ရောက်ခြည်တွေကြောင့် ဖြစ်တဲ့ ဝက်ခြံအပါအဝင် အရေပြားပြဿနာတွေကို နေရောင်ကာခရင်မ်က ကာကွယ်ပေးပါတယ်။
အသားအရေကျန်းမာရေးကို အထောက်အကူပြုတယ်
အရေပြားအတွက် မရှိမဖြစ်တဲ့ ပရိုတင်းတွေဖြစ်တဲ့ collagen, elastin နဲ့ keratin တွေ ဆုံးရှုံးမှု မဖြစိအောင် နေရောင်ကာခရင်မ်က ကာကွယ်ပေးလို့ အိုမင်းရင့်ရော်မှု မဖြစ်အောင် တာဆီးပေးပါတယ်။
အလှအပအတွက် အထောက်အကူပြုတယ်
ယနေ့ခေတ်နေရောင်ကာခရင်မ်တွေမှာ ထိခိုက်လွယ်တဲ့အသားအရေအတွက်၊ ခြောက်သွေ့တဲ့အသားအရေအတွက်၊ ဝက်ခြံပေါက်တဲ့ အသားအရေအတွက် စသဖြင့် အထူးပြုထုတ်လုပ်ထားသလို ရေဓာတ်ဖြည့်ပေးတာ၊ အသားအရေကို ဖြူစေတာ၊ မိတ်ကပ်ပါဝင်လို့ မိတ်ကပ်သီးသန့်လိမ်းစရာ မလိုတာ စတဲ့အကျိုးကျေးဇူးတွေပါ တပါတည်း ရနိုင်ပါတယ်။
နေရောင်ကာခရင်မ်ကို ဘယ်လိုလိမ်းမလဲ?
SPF 30 အနည်းဆုံးပါပြီး ရေစိုခံတာမျိုးကို ရွေးချယ်ရပါမယ်။
ပါဝင်ပစ္စည်းတွေမှာ titanium dioxide, octyl methoxycinnamate (OMC), avobenzone (also parsol), zinc oxide စတာတွေ ပါဝင်တဲ့ ခရင်မ် သို့မဟုတ် ဂျယ်လ်ကို သတိပြုရွေးချယ်ပါ။
မနက်ပိုင်း skin care တွေရဲ့ နောက်ဆုံးအဆင့်အဖြစ် နေ့စဥ် မပျက်မကွက် လိမ်းသင့်ပါတယ်။
နေပူထဲမထွက်ခင် အနည်းဆုံး နာရီဝက်ခန့် ကြိုတင်ပြီး လိမ်းရပါမယ်။ နေပူထဲမှာ ကြာကြာနေရင် နှစ်နာရီခြားတစ်ခါခန့် ထပ်လိမ်းပေးသင့်ပါတယ်။
နေရောင်ကာခရင်မ်ဟာ အလှအပအတွက် အရေးပါသလို ကျန်းမာရေးအတွက်လည်း အရေးကြီးတာမို့ မပျက်မကွက်လိမ်းကြဖို့ မမေ့နဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်