စိတ်ကျန်းမာရေးအခြေအနေကြောင့် တစ်ကမ္ဘာလုံးက ဖျော်ဖြေပွဲတွေအားလုံးကို ဖျက်သိမ်းလိုက်တဲ့ ဂျက်စတင် ဘီဘာ
နာမည်ကျော် အဆိုတော် ဂျက်စတင် ဘီဘာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့် အမေရိကအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
"ဆရာဝန်တွေ၊ မိသားစုဝင်တွေနဲ့ အဖွဲ့က မန်ဘာတွေရဲ့ အကြံပေးချက်တွေနဲ့ တိုက်တွန်းချက်တွေက အနားယူဖို့နဲ့ ဆွေးနွေးနှစ်သိမ့်မှုခံယူဖို့ဆိုတဲ့အချက်ပါပဲ။ ကျွန်တော် ဥရောပမှာ ဖြေဖျော်ပွဲ ၆ ခုအထိ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒါတွေက ကျွန်တော့်ကို တော်တော်လေးထိခိုက်စေခဲ့တာ အမှန်ပါပဲ" လို့ ၂၈ နှစ်အရွယ် ကနေဒါသားက ပြောသွားခဲ့တာဖြစ်ပါတယ်။
အသက် ၁၅ နှစ်အရွယ်မှာတင် ကမ္ဘာကျော်အဆိုတော်အဖြစ် လူသိများလာခဲ့တဲ့ ဘီဘာဟာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း Ramsay Hunt syndrome လို့ခေါ်တဲ့ မျက်နှာတစ်ခြမ်း သွပ်ခြာပါဒလိုက်တဲ့ ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။
ခုချိန်မှာတော့ ဘီဘာကိုယ်တိုင်က သူ့အနေနဲ့ သူ့ရဲ့ကျန်းမာရေးကိစ္စတွေကို အာရုံစိုက်သွားတော့မှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြောလာခဲ့ပြီး အနုပညာအလုပ်တွေကို ပြန်လည်စတင်မယ့် အချိန်ကိုတော့ ထုတ်ပြောသွားခဲ့ခြင်းမရှိပါဘူး။
ဘီဘာအနေနဲ့ သူ့ရဲ့ World Tour အစီအစဉ်ကို ဖျက်သိမ်းလိုက်ချိန်မှာ သူဖျော်ဖြေဖို့ ကျန်ရှိနေသေးတဲ့ Show ပွဲအစီအစဉ်ပေါင်း ၆၈ ခုအထိ ကျန်ရှိနေပါသေးတယ်။
Heath 16 Mar 2023 |
cialis canada order online pharmacy for cialis review cialis for sale cialis to buy in canada cialis legal online bestellen