Cause Overview
ဆင်ရေယုန် သို့မဟုတ် ခါးပတ်ရေယုန်က herpes zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ရေကျောက် ( chicken pox) ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ အတူတူပါပဲ။ ရေကျောက်ဟာ မျက်နှာ၊ ရင်ဘတ်၊ နောက်ကျောနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရောင်အဖုတွေ အဖြစ်စတင်ပြီး အရည်ကြည်ဖုတွေတဖြည်းဖြည်း ဖြစ်လာကာ ၁ပတ်၊ ၁၀ ရက်ခန့်မှာ အဖုတွေချပ်ပြီး အမာရွတ်တွေ ကျန်ခဲ့တတ်ပါတယ်။
ရေကျောက်ပေါက်ပြီးတဲ့အခါ ဗိုင်းရပ်စ်ဟာ အာရုံကြောအဖွဲ့အစည်း ( nervous system) ထဲမှာဝင်ကာ နှစ်ပေါင်းများစွာ နေနိုင်ပြီး ခန္ဓာကိုယ်က ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ အကြိမ်ကြိမ်ပြန်ဖြစ်နိုင်တဲ့ ရောဂါပါ။ ခါး၊ နောက်ကျောနဲ့ ခန္ဓာကိုယ်မှာ များပြားစွာ ပေါက်တတ်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ?
အဓိကကတော့ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဖြစ်ပါတယ်။
- အသက် ၅၀ နဲ့အထက် လူကြီးတွေ
- စိတ်ဖိစီးမှုများတဲ့အချိန်တွေ
- HIV/ AIDS ရောဂါရှိသူတွေ
- ဆီးချိုနဲ့ သွေးလေးဖက်နာလို ကိုယ်ခံအားနည်းတတ်တဲ့ ရောဂါရှိသူတွေ
- ထိခိုက်ဒဏ်ရာပြင်းစွာရထားသူတွေ
- စတီးရွိုက်နဲ့ ကင်ဆာဆေးလို ကိုယ်ခံအားနည်းစေတတ်တဲ့ဆေးတွေ စွဲသောက်နေရသူတွေမှာ အဖြစ်များပါတယ်။
Living & Managing
ဆင်ရေယုန်က ကူးစက်နိုင်လား?
ဟုတ်ကဲ့ ဆင်ရေယုန်က ကူးစက်လွယ်တဲ့ရောဂါပါ။ မိမိခန္ဓာကိုယ်တစ်နေရာကနေ တစ်နေရာကို၊ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးနိုင်ပါတယ်။
ဆင်ရေယုန်ရောဂါဟာ ကုသလို့ပျောက်တဲ့ ရောဂါမဟုတ်ပါဘူး။
ရောဂါလက္ခဏာတွေကို ပျောက်အောင်ကုသလို့ရပေမယ့် ခန္ဓာကိုယ်ထဲက ရောဂါပိုးက ပျောက်သွားတာမဟုတ်ဘဲ အခါအခွင့်သင့်တိုင်း ပြန်ဖြစ်နိုင်တာမို့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ အရေးကြီးပါတယ်။
ကုသလို့မရပေမယ့် ကာကွယ်ဆေးရှိတဲ့အတွက် ကာကွယ်လို့ရပါတယ်။ Shringrix ဆိုတဲ့ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။
Symptom & Types
ဆင်ရေယုန်ပေါက်တဲ့အခါ
ဖြစ်တဲ့နေရာအနီးက ပြန်ရည်ဂလင်းတွေ ရောင်လာတာ
ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ
အနီရောင်အဖုတွေ အပြင်လိုက်ထွက်လာတာ
ယားတာ၊ အချွန်နဲ့ထိုးနေသလိုနာတာ
ဖြစ်တဲ့နေရာက အရေပြားကထုံနေတာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
Support & Resources
ကုသမှု
အဖုတွေစထွက်လာပြီး ၃ ရက်အတွင်း ဗိုင်းရပ်စ်သတ်ဆေး ပေးနိုင်ရင် မြန်မြန်သက်သာနိုင်ပါတယ်။ ဗိုင်းရပ်စ်သတ်ဆေးတွေ၊ အနာသက်သာတဲ့ဆေးတွေ၊ အာရုံကြောဆေးတွေနဲ့ လိမ်းဆေးတွေကို ရောဂါအခြေအနေပေါ်မူတည်ပြီး ပေးရတာမို့ ဖြစ်ခဲ့ရင် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါလိမ့်မယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့
အာရုံကြောတွေထိပြီး မျက်နှာတစ်ခြမ်းလေဖြတ်တာ၊ ဦးနှောက်ရောင်တာ
မျက်လုံးအနီးတစ်ဝိုက်မှာ ဖြစ်ရင် အမြင်အာရုံဝါးတာနဲ့ မျက်စိပြဿနာတွေ ဖြစ်တာ
အဖုတွေပျောက်ပြီး ကာလများစွာအထိ နာနေတတ်တာတွေ ဖြစ်နိုင်ပါတယ်။
ဆင်ရေယုန်ဟာ ခံရဆိုးတဲ့ရောဂါဖြစ်ပြီး ပျောက်ကင်းအောင်ကုသလို့ မရပေမယ့် ပြန်မဖြစ်အောင်တော့ တားလို့ရတာမို့ အရမ်းကြောက်ဖို့ မလိုပါဘူးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်