မကြိုက်လည်းစား ကြိုက်လည်းစားပေးရမယ့် ကြက်သွန်နီ
ကြက်သွန်နီဆိုရင် တော်တော်များများက နာမည်ကြားရုံနဲ့တင်တောင် မစားဘူးလို့ ငြင်းကြမယ်ဆိုတာ အသေအချာပါပဲ။ တကယ်ကတော့ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အရာတွေထဲမှာ ကြက်သွန်နီက ထိပ်ဆုံးက ပါဝင်နေပါတယ်။ အကြောင်းအရင်းကိုတော့ ဆက်ကြည့်ကြည့်လိုက်ပါဦး။
ကြက်သွန်နီ ဆိုရာဝယ်
ကြက်သွန်နီဆိုတာက အပေါ်ခွံ အနီရောင်ဖျော့ဖျော့ကနေ လိမ္မော်ရောင် နုနုအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ အထဲမှာတော့ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါးတွေနဲ့ တွဲဖက်စားသလို သွေးတိုးကျအောင်ဆိုပြီး အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။
ကြက်သွန်နီထဲမှာ ဒါတွေ ပါပါတယ်
အနံ့ပြင်းပြင်း စားရင်ချိုတဲ့ ကြက်သွန်နီထဲမှာ ကြက်သွန်နီမှာ ဗီတာမင် ဘီ၊ စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ သကြားဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။
ကြက်သွန်နီနဲ့ ကျန်းမာရေး
- နှလုံးကျန်းမာစေနိုင်တယ်
ကြက်သွန်နီမှာ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နှလုံး ကျန်းမာချင်တယ်ဆိုရင် ကြက်သွန်နီ စားပေးလို့ရပါတယ်။
- အစာကြေစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်ချင်တယ်ဆိုရင် ကြက်သွန်နီ စားပေးလို့ ရပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
ကြက်သွန်နီမှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဝိတ်ကျစေတယ်
အာဟာရဓာတ်တွေ ကြွယ်ဝသလို အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ကြက်သွန်နီက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အသားအရေ ကျန်းမာစေတယ်
ဝက်ခြံ၊ အရေပြားမွဲခြောက်တာတွေ သက်သာစေဖို့အတွက်လည်း ကြက်သွန်နီ စားပေးလို့ရပါတယ်။ ဗီတာမင် စီ ပါဝင်နေတာက အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။ အရောင်ကျစေနိုင်ပြီး အရေပြားဆဲလ်တွေ အသစ်ဖြစ်စေသလို အနာကျက်စေဖို့ ထောက်ကူပေးပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
ကြက်သွန်နီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
- အရိုးတွေ သန်မာစေတယ်
ကြက်သွန်နီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း ကာကွယ်ပေးပါသေးတယ်။
- ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ကြက်သွန်နီက ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
မွန်မွန်