ချစ်စခန်းဖွင့်နေချိန်မှာ အမျိုးသမီးတွေ မှားတတ်ကြတဲ့အချက်များ
ချစ်မှုရေးရာကိစ္စတွေဟာ ထင်မှတ်ထားတာထက်ပိုပြီး ရှုပ်ထွေးနက်နဲဆန်းကြယ်ပါတယ်။ ဒါကို လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ချစ်မှုရေးရာကိစ္စအဖြာဖြာထမှာ အိပ်ယာပေါ်က အပြုအမူတွေ၊ ခံစားချက်တွေကလည်း ချန်လှပ်ထားလို့မရတဲ့ အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။
အိပ်ယာပေါ်မှာ ချစ်ရည်လူးကြတဲ့ကိစ္စဆိုတာ မောင်နှံနှစ်ဦးကြား နှစ်ကိုယ်ကြားကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုပေမယ့် ဒီကိစ္စလေးကပဲ အိမ်ထောင်ရေးသာယာဖြောင့်ဖြူးမှု၊ ပတ်သက်သူနှစ်ဦးအကြားက ကိုယ်စိတ် ကျန်းမာရေးတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတတ်ပါတယ်။ “အတူအိပ်တာပဲ၊ အဓိက က အဓိက ပါပဲ” လို့ အလွယ်တကူတွေးလို့ မဖြစ်ပါဘူး။
ယျေဘုယျအားဖြင့်တော့ အိပ်ယာပေါ်က ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုတစ်စုံတစ်ရာ မရခဲ့ရင် ဒါမှမဟုတ် အဆင်မပြေမှု တစ်စုံတစ်ရာ ကြုံလာခဲ့ရင် လူတိုင်းက အမျိုးသားတွေရဲ့ အပြစ်လို့ လက်ညှိုးညွှန်တတ်ကြပါတယ်။
တကယ်တမ်းမှာတော့ အမျိုးသားတွေကြောင့်ချည်း အဆင်မပြေမှုတွေ ဖြစ်နေနိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ အပြုအမူတွေကြောင့်လည်း ခုလို အပေးအယူမမျှတာတွေ၊ အဆင်မပြေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခုဆောင်းပါးမှာတော့ အိပ်ယာပေါ်မှာ ချစ်ပွဲဝင်ကြချိန်မှာ အမျိုးသမီးတွေ ကျူးလွန်လေ့ရှိကြတဲ့ အပြုအမူမှားတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
အမျိုးသမီးတွေက ဘယ်လိုအမှားအယွင်းမျိုးတွေလဲဆိုရင်တော့ -
၁။ ပုံမှန်အမျိုးသမီးတွေဟာ အိပ်ယာပေါ်ရောက်ရင် ဆက်ဆံဖော် အမျိုးသားကသာ လိင်မှုကိစ္စအဝဝကို ဆောင်ရွက်သွားလိမ့်မယ်လို့ မှတ်ယူထားတတ်ကြပါတယ်။ ဒီအချက်ဟာ အမျိုးသမီးတွေ အများဆုံးကျူးလွန်တဲ့ အမှားအယွင်း တစ်ခုပါ။ အပြန်အလှန်ကျေနပ်မှုရှိတဲ့ လိင်မှုခံစားချက်ကို အလိုရှိတယ်ဆိုရင် အပြန်အလှန်ဆိုတာ လိုအပ်ပါတယ်။
၂။ Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့ လိင်မှုဆန္ဒဖြည့်ဆည်းပေးခြင်းကို တချို့သော အမျိုးသမီးတွေက ရှက်ရွံ့ဖွယ် ရွံရှာဖွယ် ကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ တစ်ဖက်က ကိုယ့်ရဲ့ ဆက်ဆံဖော်ဟာ oral sex ကို အလိုရှိတယ်ဆိုရင် အပြန်အလှန် ညှိနှိုင်းပြုမူတာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။
၃။ တစ်ချို့အမျိုးသမီးတွေဟာ မိမိရဲ့ ဆက်ဆံဖော် ပိုမိုစိတ်ကျေနပ်မှုရစေလိုတဲ့ ဆန္ဒနဲ့ အလွန်အမင်း စိတ်ခံစားချက်ကောင်းမွန်နေဟန်၊ အထွတ်အထိပ်ရောက်လေဟန်မျိုး ဟန်ဆောင်ပြုမူတတ်ကြပါတယ်။ ဒါကလည်း မှားယွင်းတဲ့ ဟန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
၄။ အမျိုးသမီးတစ်ချို့က လိင်သံဝါသမှုပြုလုပ်ချိန်မှာ မိမိတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်ဖက်လူ မြင်မှာကို ရှက်ရွံ့ထိတ်လန့်တတ်ကြပါတယ်။ ဒါကြောင့်လည်း တစ်ချို့က မီးမှိတ်ကြတာပါ။ ဒါပေမယ့် တကယ့် လိင်စိတ်ဆန္ဒမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မြင်တွေ့ခံစားရတာကလည်း စိတ်ကျေနပ်မှုတစ်မျိုးဖြစ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။
၅။ တစ်ချို့က ဆက်ဆံဖော်နဲ့ လိင်မှုကိစ္စနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေအကြောင်း ပြောဆိုရမှာတွေကို ရှက်ရွံ့တတ်ကြပါတယ်။ ရှေးရိုးဆန်တဲ့အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တဲ့ အမှားအယွင်းမျိုးဖြစ်ပါတယ်။ တစ်ချို့အခြေအနေတွေမှာ ဒီလိုနှုတ်ထွက်စကားတွေဟာ နှစ်ဦးရဲ့ စိတ်ခံစားချက် ရေချိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။
၆။ လိင်မှုကိစ္စ စခန်းသွားကြရမှာ အမျိုးသားဘက်က အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ထားတာကလည်း မှားယွင်းတဲ့ အတွေးတစ်ခုပါ။ တစ်ဖက်လူက အမြဲတမ်း အဆင်သင့်ဖြစ်နေမှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ တခြားသော အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်ဖက်ဟာ ချက်ခြင်း အဆင်သင့်ဖြစ်မနေတာမျိုးဖြစ်နိုင်တာမို့ အမျိုးသမီးဘက်က နူးပေးနှပ်ပေးရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒီအချက် ၆ ချက်ဟာ အိပ်ယာပေါ်မှာ အမျိုးသမီးတွေ အများဆုံးကျူးလွန်ကြတဲ့ အမှားတွေဖြစ်ပါတယ်။ လိင်မှုကိစ္စဟာ ဘဝနေထိုင်မှု၊ ကျန်းမာရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်မှုရှိပြီး သာယာပျော်ရွှင်ဖွယ် အိမ်ထောင်မှုဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုရင် လိင်ကိစ္စမှာလည်း အဆင်ပြေနေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အပြန်အလှန်ကျေနပ်ပျော်ရွှင်ဖွယ် ချစ်ခရီးတစ်ခုကို လှမ်းလျှောက်ချင်တယ်ဆိုရင် အိပ်ယာပေါ်မှာ မမှားသင့်တဲ့ အမှားတွေကို ရှောင်ကျဉ်ဖို့ လိုအပ်မှာပါ။
ရဲဇွန်အောင်