ဦးနှောက်အကျိတ်ရဲ့ အစောပိုင်း လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ
Brain Tumor လို့ လူသိများလှတဲ့ ဦးနှောက်အကျိတ်ဆိုတာက ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကြောင့် ဖြစ်လာတဲ့ အကျိတ်တစ်မျိုးပါ။ ဦးနှောက်အကျိတ်က အမျိုးအစား အများကြီး ရှိပြီး ကင်ဆာအကျိတ် ရှိသလို ကင်ဆာမဟုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ တစ်ခါတလေ ခန္ဓာကိုယ်ရဲ့ အခြားနေရာမှာ ကင်ဆာဖြစ်ပြီး ဦးနှောက်ဆီကို ပြန့်လာရာကနေ ဦးနှောက်မှာ ကင်ဆာကျိတ်တွေ ဖြစ်လာတာမျိုး ရှိနိုင်ပါတယ်။
ဦးနှောက်အကျိတ်က ဘယ်လောက်မြန်မြန်ပြန့်လဲဆိုတဲ့အချက်အပေါ် မူတည်ပြီး ပြင်းထန်မှုကလည်း ကွာခြားနိုင်ပါတယ်။ ကြီးထွားမှုနှုန်း၊ အကျိတ်တည်ရှိရာနေရာတွေအပေါ် မူတည်ပြီးအာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုကို ဘယ်လောက်အထိ ထိခိုက်စေလဲဆိုတာကို ဆုံးဖြတ်ရတာပါ။
ဦးနှောက်အကျိတ် ကုထုံးတွေကလည်း ဦးနှောက်အကျိတ် အမျိုးအစား၊ အရွယ်အစားနဲ့ ရှိနေတဲ့ နေရာတွေအပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။
ဦးနှောက်အကျိတ် ဖြစ်နေပြီဆိုရင် အစောပိုင်းလက္ခဏာတွေအနေနဲ့ ဘာတွေ ခံစားရမလဲ?
လူတစ်ယောက်မှာ ဦးနှောက်မှာ အကျိတ်ဖြစ်နေပြီဆိုရင် အစောပိုင်းလက္ခဏာအနေနဲ့ ခြေကုန်လက်ပမ်းကျတာ၊ မအီမသာဖြစ်တာ၊ နာကျင်တာတွေကု ခံစားရနိုင်ပါတယ်။ အဖျားတက်တာ၊ အဖုအပိမ့်တွေ ထွက်တ၊ သွေးခုန်နှုန်း မြန်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက ကျန်းမာရေးပြဿနာ တစ်ခုခုကို ဖော်ပြနေတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ အချို့သူတွေမှာတော့ ဦးနှောက်အကျိတ်ကာမှ လက္ခဏာ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အများစုမှာတော့ ဦးနှောက်အကျိတ် ဖြစ်တဲ့အခါ ခေါင်းကိုက်တာနဲ့ အခြားသော ပြောင်လဲမှုတွေကို ခံစားရပြီးချိန်မှ ဆရာဝန်ဆီမှာ လာရောက် စစ်ဆေးကြတာ များပါတယ်။
ဦးနှောက်အကျိတ်ရဲ့ လက္ခဏာတွေအနေနဲ့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- ခေါင်းကိုက်တာ
- ခေါင်းကိုက်တာ တဖြည်းဖြည်း စိတ်လာပြီး ပိုပြီးပြင်းထန်လာတာမျိုး ရှိနိုင်ပါတယ်
- အကြောင်းအရင်း မရှိဘဲ မအီမသာဖြစ်နေတာ (သို့မဟုတ်) အော့အန်တာ
- အမြင်အာရုံပြဿနာတွေ - အမြင်တွေ ဝေဝါးနေတာ၊ နှစ်ထပ်မြင်နေတာ၊ အမြင်အာရုံ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးတာ၊ အမြင်အာရုံ ကွယ်သွားတာမျိုးတွေ ခံစားရတာ
- လက်မောင်း နဲ့ ခြေထောက်ရဲ့ လှုပ်ရှားမှုတွေ ခံစားမှုတွေ တဖြည်းဖြည်း လျော့လာတာ
- ဟန်ချက်ထိန်းဖို့ ခက်လာတာ
- စကားပြောဖို့ ခက်လာတာ
- အရမ်းပင်ပန်းတယ်လို့ ခံစားရတာ
- နေ့တိုင်း လုပ်နေကျ ကိစ္စတွေကိုတောင် ဇဝေဇဝါ ဖြစ်လာတာ
- ဆုံးဖြတ်ချက်ချဖို့ ခက်လာတာ
- ရိုးရိုး အခြင်းအရာလေးတွေကိုတောင် လိုက်လုပ်ဖို့ ခက်လာတာမျိုးတွေ
- ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူတွေ ပြောင်းလဲလတာ
- တက်တာ - အရင်က မတက်ဖူးဘဲ တက်တာမျိုးဖြစ်တာ
- အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေက မသက်သာဘဲ အချိန်တော်တော်ကြာတဲ့အထိ ခံစားနေရမယ်။ လက္ခဏာတွေကိုလည်း စိုးရိမ်မှု ခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ ပြပြီး စစ်ဆေးမှု ခံယူပါ။
မွန်မွန်