အစာကို ကြေညက်အောင် ခြေဖျက်ဖို့ အချိန်ဘယ်လောက်ထိ ကြာသလဲ
မနက်ခွဲခန်းဝင်ရမယ်ဆိုရင် ညအိပ်ခါနီးတည်းက ဘာမှမစားဖို့ ဒါမှမဟုတ် ခွဲခန်းမဝင်ခင် ၆ နာရီအလိုလောက်တည်းက ဘာမှမစားဖို့ မှာတာမျိုးကို ခွဲခန်းဝင်သူတွေ ကြုံဖူးကြပါလိမ့်မယ်။ ဘာကြောင့် ဒီလိုမှာတာလဲကိုတော့ သိချင်မှ သိကြမှာပါ။
အကြောင်းရင်းကို သေချာမသိကြတဲ့အတွက် တချို့ကလည်း ဗိုက်ဆာလို့ ထမင်းတွေ၊ မုန့်တွေ ခိုးစားလိုက်တာ၊ အမေအဖေက ကလေးကို မုန့်ခိုးကျွေးလိုက်တာ၊ နို့ခိုးတိုက်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲဒီလို လုပ်တာတွေက လူနာအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
စားထားတဲ့ အစားအစာတွေ၊ အရည်တွေက အစာမကြေသေးဘဲ အစာအိမ်ထဲမှာ ရှိနေတဲ့အချိန်မှာ မေ့ဆေးပေးလိုက်တဲ့အခါ အစာရေမျိုကြွက်သားတွေက ကျုံ့မထားနိုင်တော့တဲ့အတွက် အစာအိမ်ထဲက အစာတွေက အထက်ကိုပြန်ဆန်တက်ပြီး အန်ဖတ်ဆို့ပြီး သေနိုင်ပါတယ်။ ခါးရိုးထုံဆေးပေးရတဲ့ လူနာတွေပေမယ့်လည်း ခါးရိုးထုံဆေးမမိတာ၊ ခွဲစိတ်မှုမပြီးခင် ထုံဆေးပြယ်သွားတာမျိုးမှာ မေ့ဆေးပေးရနိုင်ခြေရှိလို့ အစာမစားထားဖို့ မှာတတ်ကြတာပါ။
ဒါဆို စားလိုက်တဲ့ အစာတွေကြေဖို့ အချိန်ဘယ်လောက်လိုနိုင်မလဲ?
စားလိုက်တဲ့ အစာတွေဟာ ပါးစပ်ထဲကနေ အစာရေမျို၊ အစာအိမ်၊ အူတွေမှာ အသီးသီးအစာခြေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူထားကာ မလိုအပ်တာတွေကို အစာဟောင်းအိမ်ကတဆင့် စွန့်ထုတ်ပါတယ်။
အစာကြေဖို့အတွက် စားလိုက်တဲ့ အစားအစာပမာဏနဲ့ အမျိုးအစားအပေါ် မူတည်သလို ကျားမ၊ ခန္ဓာကိုယ်ဇီဝလုပ်ငန်းစဥ်တွေနဲ့ ကျန်းမာရေးအခြေအနေတွေအပေါ်လည်း မူတည်ပါတယ်။ အမျိုးသားတွေက ပိုစားနိုင်သလို အစာခြေအားလည်း ပိုကောင်းတတ်ပါတယ်။ ဇီဝလုပ်ငန်းစဥ်မြန်တဲ့သူတွေမှာ အစာကြေတာမြန်နိုင်ပြီး ဇီဝလုပ်ငန်းစဥ်နှေးသူတွေမှာ အစာခြေတာလည်း နှေးပါလိမ့်မယ်။ ရောဂါရှိသူတွေ ဥပမာ-သိုင်းရွိုက်ဟော်မုန်း လွန်ကဲသူတွေမှာ အစာခြေမြန်ပြီး သိုင်းရွိုက်ဟော်မုန်းချို့တဲ့သူတွေမှာ အစာခြေနှေးပါတယ်။
ယေဘုယျအားဖြင့် အစာတွေလုံးဝကြေသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီအထိ ကြာနိုင်ပါတယ်။ အစာအိမ်ထဲမှာ ၂-၅ နာရီ၊ အူသိမ်ထဲမှာ ၂-၆ နာရီ၊ အူမကြီးထဲမှာ ၁၀-၅၉ နာရီနဲ့ အားလုံးကြေသွားဖို့ဆိုရင် ၇၂ နာရီခန့်ထိလည်း ကြာတတ်ပါတယ်။
အစာခြေတာက စားလိုက်တဲ့ အစားအစာတွေပေါ်လည်း မူတည်ပါသေးတယ်။ အစာအိမ်ထဲမှာ အစာခြေပြီး အူတွေထဲကို ရောက်ဖို့အတွက် (မေ့ဆေးပေးတဲ့အခါ အန်ဖတ်မဆို့ဖို့အတွက်) လိုအပ်တဲ့အချိန်တွေက…
- ရေ… ၁၀ မိနစ်
- Juice ဖျော်ရည်… ၁၅-၃၀ မိနစ်
- သစ်သီးများ… ၃မိနစ်
- ဟင်းသီးဟင်းရွက်နဲ့ ပဲများ… ၁-၂ မိနစ်
- အစေ့အဆန်များ… ၂-… ၃-၄ နာရီနာနာရီရီသားငါးများ
- အခွံမာရေသတ္တဝါများ(ဥပမာ-ဂဏန်း)… ၄-၈ နာရီနဲ့
- စုပေါင်းစားတဲ့အစားအစာတွေဆိုရင် (ဥပမာ- မနက်စာ၊ နေ့လည်စာ၊ ညစာ စသည်) ၈ နာရီခန့် ကြာနိုင်ပါတယ်။
စိတ်ဖိစီးမှုများတာ၊ ဝမ်းချုပ်တာ၊ လှုပ်ရှားမှုနည်းတာ၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေရှိတာတွေက အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အခြေအနေတွေပါ။
အစာခြေစနစ်ကောင်းမွန်ပြီး အစာကြေချင်ရင်…
- အသီးအရွက်၊ အစေ့အဆန်တွေများများစားပါ။ ၄င်းတို့မှာ အမျှင်ဓာတ်များစွာပါလို့ အူလှုပ်ရှားမှု ကောင်းစေပါတယ်။
- အသားနဲ့ ပြုပြင်ထားတဲ့အစာတွေ (ကိတ်မုန့်၊ ဘီစကစ်စသည်) လျှော့စားပါ။
- Probiotics ပါတဲ့ ဒိန်ချဥ်၊ ကီဖာ၊ ကင်မ်ချီတို့လို အစားအစာတွေ များများစားပါ။
- နေ့စဥ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
- အိပ်ရေးဝအောင် အိပ်ပါ။
- စိတ်ဖိစီးမှုနည်းအောင် နေပါ။
Healtppy fan လေးတွေလည်း အစာကြေဆေးသောက်စရာမလိုဘဲ၊ လျှက်ဆားလျက်စရာမလိုဘဲ ဝမ်းမီးကောင်းပြီး အစာကြေလွယ်တဲ့သူတွေ ဖြစ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်