ဟင်းချက်ရာမှာသုံးတဲ့ စပါးလင် ကျန်းမာစေသလား
စပါးလင်ကို အညှီနိုင်လို့ဆိုပြီး ဟင်းတွေထဲမှာ အများဆုံး ထည့်ဖြစ်ကြပါတယ်။ စပါးလင်ကို မုန့်ဟင်းခါး ချက်ရာမှာ အသုံးပြုသလို ငါးရေချို၊ ငါးချဉ်ရည်ဟင်းတွေနဲ့ အညှီကြီးတဲ့ အသားတွေကို ချက်ရာမှာလည်း အသုံးပြုကြပါတယ်။ ဒီလို အညှီနိုင်အောင် ဟင်းချက်ရာမှာ ထည့်သွင်းချက်ပြုတ်တဲ့ စပါးလင်က ကျန်းမာစေသလား! ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
စပါးလင် ဆိုရာဝယ်
စပါးလင် ဆိုတာက ချင်း [ဂျင်း] လိုမျိုး ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးပါ။ မြက်ပင်လို ခပ်ရှည်ရှည် ရှိပြီး အရင်းက ဖြူပါတယ်။ အရင်း ခပ်တုတ်တုတ်နဲ့ အသားပြည့်ပြီး အဖျားပိုင်းမှာကတော့ မြက်ပင်လို ရွက်ဖတ် ရှည်ရှည်တွေပါ။ အရသာက ဟင်းအနေနဲ့ ချက်လိုက်တဲ့အခါ ချိုပြီး ခပ်ရှိန်းရှိန်း ရှိပါတယ်။
စပါးလင်မှာ ဘာတွေပါလဲ
အညှီနိုင်တဲ့ စပါးလင်မှာ
- ရေဓာတ်
- ပရိုတင်း
- အဆီဓာတ်
- ကာဗိုဟိုက်ဒရိတ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဖော့စဖရိတ်
- ပိုတက်ဆီယမ်
- ဆိုဒီယမ်
- ဇင့်
- ဗီတာမင် C
- သီရာမင်း
- ရိုင်ဗိုဖလာပင်
- နီကာဆင်
- ဗီတာမင် B
- ဖောလိတ်
- ဗီတာမင် A
- ဗီတာမင် D တို့ပါဝင်ပါတယ်။
ဟင်းချက်ရာမှာသုံးတဲ့ စပါးလင် ကျန်းမာစေသလား
ဟင်းချက်ရာမှာသုံးတဲ့ စပါးလင် ကျန်းမာစေသလား! ဘယ်လို ကျန်းမာစေသလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရ အောင်နော်။
အိပ်ပျော်စေတယ်
စပါးလင်ကို ညဘက် အိပ်မပျော်သူတွေ စားပေးလို့ ရပါတယ်။ အကြောင်းကတော့ စပါးလင်က ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေနိုင်လို့ပါ။
အသက်ရှုလမ်းကြောင်း ကျန်းမာရေး ပြဿနာ ကင်းစေတယ်
စပါးလင်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အအေးမိ၊ ချောင်းဆိုးတာ၊ နှာစေး နှာပိတ်တာ၊ တုပ်ကွေး နဲ့ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးသလို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ပါတယ်။
အဖျားတာတိုစေတယ်
စပါးလင်က အပူဓာတ် ပါတာကြောင့် ချွေးထွက်စေနိုင်ပြီး အဖျားကျစေဖို့ ထောက်ကူပေးပါတယ်။ ဖျားနေချိန်မှာ စပါးလင်ပါတဲ့ ဟင်းခါးတစ်မျိုးမျိုး သောက်ပေးလို့ ရပါတယ်။
မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ်
စပါးလင်က မှိုပိုး နဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေသလို ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေပါတယ်။
အကိုက်အခဲပျောက်စေတယ်
စပါးလင်ကို ဒဏ်ကြေလိမ်းဆေးတွေ၊ ရှူဆေးတွေမှာ ထည့်သုံးလေ့ရှိကြပါတယ်။ အကြောင်းကတော့ စပါးလင်မှပါတဲ့ ပုရှိန်းရှန်းနဲ့ အနံ့ သင်းသင်းလေးက ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ အပါအဝင် ကြွက်သားတွေ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်လို့ပါ။
အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေတယ်
စပါးလင်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြင်ပကနေဝင်ရောက်လာမယ့် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အနာကိုလည်း သက်သာစေနိုင်ပါတယ်။
အဆီကျစေတယ်
ဒီနေရာမှာ အဆီကျစေတယ် ဆိုတာက သွေးတွင်းကိုလက်စထရော ကျစေတာကို ဆိုလိုတာပါ။ စပါးလင် ပုံမှန် စားပေးတာက သွေးကြောထဲမှာ အဆီတွေ စုပုံနေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး သွေးတွင်းအဆီကို လျော့ကျစေနိုင်ပါတယ်။
စပါးလင် ပုံမှန် စားသုံးပေးမှုက သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျစေပြီး သွေးကြောထဲမှာ အဆီတွေ စုပုံမှု မရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
စပါးလင်မှာ ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဆီထရယ် ဓာတုဒြပ်ပေါင်း တစ်မျိုး ပါဝင်နေပါတယ်။ စပါးလင် ပုံမှန်စားသုံးပေးတာက အရေးပြားကင်ဆာတဲ့ အခြားသော ကင်ဆာတော်တော်များများကနေ ကာကွယ်ရာရောက်ပါတယ်။
ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားပေးတယ်
စပါးလင်က နေ့စဉ် စားသုံးထိတွေ့ကနေတဆင့် ခန္ဓာကိုယ်ခဲကို ဝင်ရောက်စုပုံလာတဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို လည်း ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ကြတဲ့ အသည်း၊ ကျောက်ကပ်တို့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ယူရစ်အက်ဆစ် ကျစေနိုင်ပါတယ်။ ဆီးရွှင်စေနိုင်ပါတယ်။
စပါးလင် စားပေးတာက ဒီလိုအကျိုးကျေးဇူးတွေအပြင် အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း ပြေလည်စေနိုင်ပါသေးတယ်။
- အာရုံကြော ကျန်းမာစေတယ်
- အမျိုးအစား -၂ ဆီးချို သက်သာစေတယ်
- အရေပြား ပြဿနာ ကင်းစေတယ်
- အဝလွန်တာ သက်သာစေတယ်
- ခန္ဓာကိုယ် ချွေးနံ့ကင်းစေတယ်။
ဒါတွေအပြင် စပါးလင်က
- အာရုံကြောကို ကျန်းမာစေတယ်
- အမျိုးအစား -၂ ဆီးချို သက်သာစေတယ်
- အရေပြားပြဿနာ ကင်းစေတယ်
- အဝလွန်တာကို သက်သာစေတယ်
- ခန္ဓာကိုယ်ချွေးနံ့သက်သာစေတယ်။
ရေးသားသူ - မွန်မွန်