ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ Bubble Tea ရဲ့ လူသိနည်းတဲ့ ကျန်းမာရေး ကောင်းကျိုးများ
Bubble Tea အခုနောက်ပိုင်း လူငယ်တွေရော ကလေးတွေကြားမှာပါ ခေတ်စားလာတဲ့ အစားအစာ တစ်မျိုးပါ။ လူတော်တော်များများ သိထားတာက Bubble Tea က ကျန်းမာရေးအတွက် မကောင်းဘူးလို့ပေါ့။ တကယ်ကု ဒီယူဆချက်က မှန်သလား? အဖြေထုတ်ကြည့်လိုက်စို့နော်။
Bubble Tea ဆိုရာဝယ်
Bubble tea ကို Boba tea လို့လည်း ခေါ်ကြပါတယ်။ လက်ဖက်ရည် အကျရည်နဲ့ နို့ကို အချိုးကျကျ ရောစပ်ပြီး အချိုဖြည့်စွက်ထားသလို ရေခဲတုံးလေးတွေ ပုလဲသီးလေးတွေ ဂျယ်လီလေးတွေလည်; ဖြည့်စွက်ထားပါတယ်။ ချိုချိုအေးအေး သောက်စရာ တစ်မျိုးပါ။ ထိုင်ဝမ် အစားအစာ တစ်မျိုးပါ။
Bubble tea မှာ ဘာတွေပါ
ချိုချိုအေးအေးနဲ့ သောက်လို့ ကောင်းတဲ့ Bubble tea မှာ ကယ်လ်လိုရီ၊ အဆီဓာတ်၊ ကစီဓာတ်၊ သကြား၊ အင်ဒီအောက်ဆီးဒင့်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။
လူသိနည်းတဲ့ Bubble teaရဲ့ ကောင်းကျိုးများ
Bubble tea က အချိုများတာ မှန်ပေမယ့် အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေတော့ ပေးစွမ်းနိုင်ပါတယ်။
သွေးတိုးကျစေတယ်
လက်ဖက်စိမ်းကနေ ထုတ်ထားတဲ့ Bubble tea က သွေးတိုးကျစေဖို့ ထောက်ကူပေးပါတယ်။ သွေးမတိုးအောင် ကာကွယ်ခြင်းက နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေကို ကာကွယ်ရာ ရောက်ပါတယ်။
ကင်ဆာ ကာကွယ်တယ်
လက်ဖက်စိမ်းမှာ အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ကင်ဆာရောဂါ အချို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်တာ စတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အားရှိစေတယ်
အချိုဓာတ်ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အားပြည့်မေစေဖို့ ထောက်ကူပေးပါတယ်။ အများကြီးစားရင်တော့ ကယ်လ်လိုရီများပြီး အဝလွန်တာဈ သွေးတွင်းအချိုများတာ၊ သွေးတွင်းအဆီများတာတွေ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
လက်ဖက်စိမ်းမှာ catechins နဲ့ polyphenols တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ oxidative stress တွေကြောင့် ကိုယ်ခံအား ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Bubble teaကို အများကြီး သောက်ရင် ဘာဖြစ်မလဲ
Bubble tea ကကျန်းမာရေးအတွက် ကောင်းကျိုးရှိတာ မှန်ပေမယ့် အများကြီး သောက်မယ်ဆိုရင်
- အဝလွန်တာ
- ချောင်းဆိုးတာ
- ဓာတ်မတည့်တာ
- နှလုံးရောဂါ
- ဆီးချိုရောဂါ
- ကဖင်းလွန်ကဲမှုကြောင့် သွေးအားနည်းတာ
- အိပ်ပျော်ဖို့ ခက်တာစတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုရင် အချိုလျှော့ပါ၊ topping တွေ အများကြီး မထည့်ပါနဲ့။ အလွန်အကျွံ မသောက်ပါနဲ့။
ရေးသားသူ - မွန်မွန်