ကျန်းမာစိုပြေ လှပစေသော ရေနှင့် ဖျော်ရည်များ
ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက် ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။
ရေက ဘာကြောင့် အရေးကြီးလဲဆို လူ့ခန္ဓာကိုယ်ရဲ့ ၅၅% ကနေ ၆၅% ထိကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာမို့ပါ။ နှလုံးထဲက သွေးတွေထဲမှာ၊ ဦးနှောက်မှာ၊ အရိုးအဆစ်နဲ့ ကြွက်သားတွေမှာ ရေဓာတ်ကို မရှိမဖြစ် လိုအပ်သလို အရေပြား လှပကျန်းမာဖို့ အတွက်လည်း ရေဓာတ်ဟာ အရေးကြီးလှပါတယ်။
ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေတဲ့အခါ အလှအပအတွက် ဘာတွေ အကျိုးရှိသလဲ?
-
အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းတဲ့အတွက် အရေးအကြောင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်
-
အစိုဓာတ်ကို ထိန်းပေးလို့ moisturizing effectရစေပါတယ်
-
Moisturizing effectကြောင့် ဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံ ပေါက်တာကိုလည်း လျော့နည်းစေပါတယ်
-
ရေများများ သောက်တဲ့အခါ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်မှုပိုကောင်းတာကြောင့် အရေပြားနဲ့ ခန္ဓာကိုယ် ကျန်းမာလှပမှုကို အထောက်အကူပြုပါတယ်
-
အရေပြားရဲ့ pH levelကို ထိန်းညှိပေးလို့ အရေပြား ပြဿနာတွေ လျော့နည်းစေပါတယ်
အရေပြားအပြင် ခန္ဓာကိုယ်မှာလည်း...
သွေးပေါင်ကို ထိန်းညှိပေးတာ၊
နှလုံးခုန်နှုန်းကို မှန်စေတာ၊
အရိုးအဆစ်တွေ ချောမွေ့စေတာ၊
ဆီးကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးတာ၊
ဝမ်းမှန်စေလို့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေတာ၊
အစာခြေစနစ်ကို အကူအညီပေးတာ၊
အာဟာရတွေနဲ့ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေဆီ သယ်ဆောင်ပေးတာတွေကြောင့် ရေကို လုံလောက်စွာ သောက်သုံးသင့်တာပါ။
တစ်ရက်ကို ရေ (၈) ဖန်ခွက် ဒါမှမဟုတ် (၃) လီတာခန့် သောက်ရင် လုံလောက်ပါတယ်။
အဆင်းရော အချင်းပါ ပြည့်စုံတဲ့ သစ်သီး ဖျော်ရည်များ
ရေသီးသန့်အပြင် ရေနဲ့ဖျော်သောက်တဲ့အခါ အဆိပ်အတောက်ကင်းပြီး ကျန်းမာလှပ စိုပြေစေတဲ့ အသီးအနှံတွေလည်း ရှိပါတယ်....
- သကြားမုန်လာ ဖျော်ရည်
- မုန်လာဥနီ ဖျော်ရည်
- ခရမ်းချဥ်သီး ဖျော်ရည်
- ဟင်းနုနွယ် ဖျော်ရည်
- လိမ္မော် ရည်
- သံပုရာ ရည်
- ရှားစောင်းလက်ပတ် ဖျော်ရည်
- သခွားသီး ဖျော်ရည်
- သလဲသီး ဖျော်ရည်
- ပန်းသီး ဖျော်ရည်
- စပျစ်သီး ဖျော်ရည်
- ငှက်ပျောသီး ဖျော်ရည်စတာတွေမှာ ခန္ဓာကိုယ်နဲ့ အသားအရည်အတွက် အကျိုးရှိလှတဲ့ ဗိုက်တာမင် A ၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E နဲ့ Antioxidants တွေပါလို့ တစ်မျိုးချင်းဖြစ်စေ၊ နှစ်မျိုး သုံးမျိုးရောပြီးဖြစ်စေ Detox Water အနေနဲ့ သောက်သုံးနိုင်ပါတယ်....
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။