Cause Overview
စိုထိုင်း၍ ကောင်းစွာမခြောက်သေးသော အဝတ်အစား ဝတ်မိသူများတွင် ဂုတ်ပိုး၊ ချိုင်း၊ အင်္ကျီလက်နေရာများ၊ ခါးနှင့် ပေါင်ခြံ နေရာများ၌ ယားယံခြင်းနှင့်အကွက်များ အဖြူစက်များ ဖြစ်လာနိုင်သည်။
အထူးသဖြင့် ပူအိုက်စိုစွတ်သော ရာသီဥတုတွင် ပိုမို၍ ဖြစ်ပွားတတ်ပြီး ယားယံခြင်းကြောင့် အလွန်ပင် ခံရခက်စေနိုင်သလို လူအများကြား သွားရာတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုလည်း ကျဆင်းစေနိုင်သည်။ ပွေး၊ ညှင်း၊ ဂျွတ်၊ ဒက်စသည်ဖြင့် အမည်အမျိုးမျိုးခေါ်ဆိုကြပြီး ခံစားရသူများအနေနှင့် ရောဂါ သက်သာပျောက်ကင်းစေရေး ပုံစံမျိုးစုံဖြင့် ကုသကြလေ့ရှိသည်။
Living & Managing
အဆိုပါ အရေပြားရောဂါများသည် အရေပြားတွင် ကူးစက်ဖြစ်ပွားနိုင်သည့် မှိုမျိုးစိတ်များကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ တနေရာမှ အခြားတနေရာသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့ သွားနိုင်သည်။ စနစ်တကျ ကုသမှုမခံယူပါက သက်သာ ပျောက်ကင်းသွားသော်လည်း အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်သည့် စိတ်ပျက်စရာ ရောဂါပြဿနာလည်း ဖြစ်သည်။
မှိုကြောင့်ဖြစ်သော အရေပြားယားနာများသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားတတ်ပြီး ဖြစ်ပွားသော နေရာကိုလိုက်၍လည်း အခေါ်အဝေါ် အမျိုးမျိုးရှိသည်။ ဦးခေါင်းတွင်ဖြစ်ပွားသော ယားနာရောဂါကို ဗောက်၊ ဒက်ဟုခေါ်ကာ ပေါင်ခြံ၊ ခါးစသည့် နေရာများတွင် ဖြစ်ပွားလျှင် ဂျွတ်၊ ပွေးစသည်ဖြင့် ခေါ်ဆိုပြီး ခြေချောင်းများနှင့် ခြေဖဝါးတွင် ဖြစ်လျှင် သဲဝဲဟုခေါ်သည်။
ခန္ဓာကိုယ်အရေပြားရှိ အဖြူစက်၊ အဖြူကွက်များကို ညှင်းဟု ခေါ်ဆိုကြပြီး မိုးဦးကျတွင် ဖြစ်ပွားတတ်ကာ မိုးအကုန် ဆောင်းအကူး စပါးပေါ်ချိန်များတွင် သက်သာပျောက်ကင်း သွားတတ်သည့် အတွက် စပါးညှင်းဟုလည်း ခေါ်ဆိုတတ်ကြသည်။
Symptom & Types
အရေပြားမှိုရောဂါဖြစ်သည့် ပွေး၊ ညှင်းစသည့် ပြဿနာများသည် ကလေး၊ လူကြီး၊ ကျား/မ မရွေး ဖြစ်ပွားခံစားရနိုင်ပြီး ယားယံခြင်းနှင့်အတူ အခြားသော နောက်ဆက်တွဲ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိနိုင်ပဲ လူသူအများကြား သွားလာရန်မဝံ့ရဲခြင်းများ ဖြစ်ပွားစေနိုင်သည့်အတွက်မဖြစ်ပွားမီကပင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ကြိုတင် ကာကွယ်ကြရန်လိုသည်။
Support & Resources
ခန္ဓာကိုယ်သို့ ရောဂါဖြစ်စေသည့်မှို တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ကူးစက်ရခြင်း ဖြစ်သည်။ အထူးသဖြင့် မိသားစုဝင်အချင်းချင်း ကူးစက်မှု ခံရနိုင်ရန် အခွင့်အလမ်း အမြင့်ဆုံးဖြစ်ပြီး အောက်ဖော်ပြပါ အခြေအနေများတွင် ကူးစက် ခံရနိုင်သည်။
ရောဂါခံစားနေရသူနှင့် တိုက်ရိုက် ထိတွေ့မိခြင်း၊
ရောဂါခံစားနေရသူ ဝတ်ဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်မိခြင်း၊
မှိုရောဂါခံစားနေရသော တိရိစ္ဆာန်၏ အမွှေးများနှင့် ထိတွေ့မိခြင်း၊
ရောဂါခံစားနေရသူ အသုံးပြုထားသည့် အားကစားခန်းမသုံးပစ္စည်းများ၊ ရေချိုးခန်းသုံး ပစ္စည်းများနှင့် ခေါင်းအုံး၊ စောင်၊ ဖျာ၊ လက်သုတ်ဝတ်စသည့် တကိုယ်ရည်သုံးကို သုံးစွဲမိခြင်းစသည့် အခြေအနေများတွင် မှိုရောဂါကူးစက်ခြင်း ခံရနိုင်သည်။
ကူးစက်ခံနေရသူတွင် ဆေးဝါးများဖြင့် ကုသမှုခံယူနေသော်လည်း ရောဂါပိုး ရှိနေသည့် အင်္ကျီ၊ အဝတ်အစားများနှင့် တကိုယ်ရည်သုံးပစ္စည်းများကို စနစ်တကျ သန့်စင်ခြင်း မပြုလုပ်လျှင်လည်း ရောဂါသက်သာသွားခြင်းမရှိပဲ ပိုပို၍ ဆိုးလာနိုင်သည်။
Ye Myint Thu 07 Jul 2022 |
ညှင်းပျောက်ချင်တာ..လိမ်းဆေး..သောက်ဆေး..ညွန်းပေးပါ